News

POST TYPE

NEWS

တောင်တွင်းကြီးဆေးရုံအုပ်နှင့် ဝန်ထမ်းအချို့ကိုဆန္ဒပြ
10-Oct-2018


ချောက်၊ အောက်တိုဘာ ၁၀

တောင်တွင်းကြီးဆေးရုံ ဆေးရုံအုပ်နှင့် ဝန်ထမ်းအချို့ကို ဒေသခံပြည်သူ ၅၀ခန့်က မြို့အတွင်းလှည့်၍ ယနေ့(အောက်တိုဘာ ၁၀ ရက်) နံနက်ပိုင်းတွင် ဆန္ဒပြခဲ့ကြောင်း ဦးဆောင်ဆန္ဒပြသူတစ်ဦးဖြစ်သည့် အုန်းတော ၂ ရပ်ကွက်နေ ဦးကျော်မိုးက ပြောကြားသည်။

ဆင်းရဲနွမ်းပါးသော အခြေခံ လူတန်းစား ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကောင်းတစ်ရပ် ပေါ်ပေါက်လာရေးနှင့် ဆက်ဆံရေး အဆင်မပြေဟုဆိုကာ ဆေးရုံအုပ်ကို အလိုမရှိကြောင်းနှင့် အလုပ်မလုပ်သော ညတာဝန်ကျ ဝန်ထမ်းအချို့ကို ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်း ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမိုးဆွေက “ကျိုးကြားကျိုးကြားမှာ အခန့်မသင့်တာတွေရှိနိုင်တာပေါ့။ ဒါမျိုးက Personal Case တစ်ဦးတစ်ယောက်ထဲ ကိစ္စလို့မြင်ပါတယ်။ တကယ်လို့ ဆေးရုံတစ်ရုံလုံး ဆက်ဆံရေးမကောင်းဘူးဆိုရင် ဆေးရုံမှာ လူတစ်ယောက်မှလည်း ရှိမှာမဟုတ်ဘူးလေ။ ဆေးရုံမှာရှိတဲ့သူတွေရှိနေတာပဲ။ ကျွန်တော် အဲလိုပဲမြင်ပါတယ်”ဟု ပြောသည်။

၎င်းတို့အနေနှင့် ဆေးရုံများအတွက် လိုအပ်သည့် ပစ္စည်း၊ လူအင်အားကို အစိုးရက အတတ်နိုင်ဆုံး ပေးနေသော်လည်း အကန့်အသတ်ရှိနေဆဲဖြစ်ကြောင်း၊ ဝန်ဆောင်မှု ပေးချင်သောကြောင့် ကျန်းမာရေးဝန်ထမ်းအလုပ်ကို ရွေးချယ်ခဲ့ခြင်းသာဖြစ်ကြောင်း၊ ယခုနှစ် ဒီဇင်ဘာတွင် သူနာပြုများ ထပ်ခန့်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

R-24