News

POST TYPE

NEWS

မီနီဘတ်ဂျက်တွင် အခွန်ထမ်းသစ် ၈၀၀၀ ကျော်ဖော်ထုတ်နိုင်ခဲ့ဟုဆို
09-Oct-2018

မန္တလေး၊ အောက်တိုဘာ ၈

မန္တလေးတိုင်းအတွင်း အခွန်ရှောင်မှုများ မရှိစေရေးအတွက် အခွန်ထမ်းသစ်များ ဖော်ထုတ်လျက်ရှိရာ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက် (ခြောက်လဘဏ္ဍာနှစ်) ကာလအတွင်း အခွန်ထမ်းသစ် ၈၀၀၀ ကျော်ဖော်ထုတ်နိုင်ခဲ့ကြောင်း မန္တလေးတိုင်းအခွန်ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

မီနီဘတ်ဂျက်ကာလအတွင်း ဝင်ငွေခွန်ထမ်းဆောင်ရသူ ၇၄၀၀ ကျော်၊ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရသူ ၆၈၀ ကျော်ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ယင်းသို့ ထုတ်ဖော်နိုင်ခဲ့သောကြောင့် မန္တလေးတိုင်းအတွင်း၌ ဝင်ငွေခွန်ထမ်းဆောင်သူ ၅၈,၀၀၀ ကျော်၊ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရသူ ၂၄,၀၀၀ ဦးကျော်ရှိလာ ပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အခွန်ထမ်းသစ်တွေ ဖော်ထုတ်ထားပေမယ့် စည်းကြပ်တာတွေလုပ်ရဦးမယ်”ဟု အဆိုပါအရာရှိက ရှင်းပြသည်။

နယ်စပ်ကုန်သွယ်ရေး၊ စည်ပင်သာယာရေးဦးစီးဌာန၊ စီးပွားကူးသန်းစသည့် ဌာနများမှရရှိသည့် စာရင်းများအရ အခွန်ထမ်းသစ်များကို ဖော်ထုတ်နိုင်ခဲ့ခြင်းကြောင့် ၂၀၁၈ ခုနှစ် ခြောက်လတာ ကာလအတွင်း အခွန်ငွေ ကျပ်သန်း ၄၆ ကျော်ကောက်ခံရရှိခဲ့ကြောင်း မန္တလေးတိုင်း အခွန်ဦးစီးဌာနထံမှသိရသည်။ 

အခွန်ထမ်းသစ်များဖော်ထုတ်ရေးနှင့် အခွန်ရှောင်မှုများမရှိနိုင်စေရန် မန္တလေးတိုင်းအခွန်ဦးစီးဌာနက စီမံချက်များရေးဆွဲထားသဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် အခွန်ငွေကျပ်သန်း ၁၃၀ ဘီလီယံ ရရှိစေရန်လျာထားသည်။

M-05