News

POST TYPE

NEWS

ဒိုက်ဦးလွှတ်တော်အမတ်နှင့် ပါတီဝင်ကိုဆန္ဒပြ
07-Oct-2018


တောင်ငူ၊ အောက်တိုဘာ ၇

ဒိုက်ဦးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်အမတ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပါတီဝင်တစ်ဦးကို ရာထူးမှထွက်ပေးရန် ဒေသခံ ၃၀ ခန့်စုပေါင်း၍ ယနေ့(အောက်တိုဘာ ၇ ရက်) နံနက်ပိုင်းက ဒိုက်ဦးမြို့ပေါ်တွင် ဆန္ဒပြခဲ့ကြသည်။

ဦးဆောင်ဆန္ဒပြသူ ဦးသန့်ဇင်က “မြို့ဖွံ့ဖြိုးရေးလုပ်ဖို့လုပ်ဆောင်ရာမှာ လက်တစ်ဆုပ်စာ လူတစ်စုအသံကိုသာ နားထောင်တယ်။ ပြည်သူ့ဆန္ဒ လျစ်လျူရှုတဲ့အပြင် မြို့တိုးတက်ဖို့ အနှောင့်အယှက်ပေးသူတွေနဲ့ ပေါင်းသင်းနေတာ သဘောမတူလို့ ကိုယ်စားလှယ်နေရာက နုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြတာပါ”ဟု ပြောသည်။

လွှတ်တော်အမတ် ဦးသန်းထိုက်အောင်နှင့် မြို့နယ်ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်စိုးဦးတို့နှစ်ဦးသည် ပြည်သူ့အကျိုးကိုဂရုမစိုက်ဘဲ ပြည်သူကို ဘာပြည်သူလဲဟူသည့် အသုံးအနှုန်းများဖြင့်ပြောဆိုခဲ့သဖြင့် ထိုသို့ဆန္ဒပြခြင်းဖြစ်သည်ဟု ဒိုက်ဦးမြို့ မေဓာဝီလမ်းဒေသခံတချို့က ပြောဆိုသည်။

လက်ရှိဖြစ်နေသည့်ပြဿနာမှာ အလှူရှင်တစ်ဦးက ဆောက်လုပ်လှူဒါန်းသည့် အဝီစိတွင်းနှင့်ရေစင်သည် မေဓာဝီလမ်းမြေပေါ် အနည်းငယ် ကျူးကျော်သဖြင့် လွှတ်တော်အမတ်နှင့် စည်ပင်က ရေမြောင်းကို နေအိမ်ခြံထဲမှ ကွေ့ပတ်ဖောက်ရန် ညွှန်ကြားမှုကို ဒေသခံအချို့က မကျေနပ်၍ဖြစ်သည်ဟု ယူဆကြောင်း အဆိုပါဒေသမှ အမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

လက်ရှိဖြစ်နေသည့်ကိစ္စများနှင့်ပတ်သက်၍ ညှိနှိုင်းဖြေရှင်း​တွေ့ဆုံသည့်အခါြ​ပည်သူ့ဆန္ဒအရ ဆန္ဒပြခြင်းကိုလက်ခံပေးရန်​ ​ပြောကြားခဲ့ပြီး
မိမိအ​​နေဖြင့်​ ပုဂ္ဂိုလ်​​ရေးဆန်​သည်​ဟု ​ပြောဆိုလို​ကြောင်း ဒိုက်ဦးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးသန်းထိုက်အောင်က ပြောကြားသည်။

R-15