News

POST TYPE

NEWS

သာစည်မြို့နယ်တွင် မှိုစားမိ၍ လူ (၂၁) ဦး ဆေးရုံရောက်
05-Oct-2018

မိတ္ထီလာ အောက်တိုဘာ ၅

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် တောင်ဥသျှစ်ကုန်းရွာတွင် အောက်တိုဘာလ ( ၄) ရက်နေ့ညဦးပိုင်းက စားရန်မသင့်သောမှိုကို စားမိသဖြင့် မူးဝေအော့အန်သော လူနှစ်ဆယ်ကျော်ခန့်မှာ ဆေးရုံသို့ အရေးပေါ်တက်ရောက်ခဲ့ရကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့များနှင့် ကျေးလက်နေများထံမှ စုံစမ်းသိရှိရသည်။ 

သာစည်ဆေးရုံသို့ ရောက်ရှိလာသော မှိုစားမိသည့် လူနာစုစုပေါင်းမှာ (၂၁) ဦးဖြစ်ပြီး မျိုးသား (၆) ဦး အမျိုးသမီး (၁၅) ဦး ပါဝင်ကြောင်း ယင်းတို့တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးမှာ အနည်းငယ်ပြင်းထန်ပြီး ကျန် (၁၈) ဦးမှာမူ သာမန်လူနာများသာဖြစ်ကြောင်း သာစည်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာလင်းထင်ကျော်က ပြောကြားသည်။ 

“သုံးယောက်ကတော့ မနေ့ည ရောက်ရောက်ချင်းကို အရေးပေါ် ဖြေဆေးထိုးပြီးတော့ လိုအပ်တဲ့အားဆေးတွေ ချိတ်လိုက်ပြီးတဲ့နောက်မှာ မနက်ရောက်တော့ ကောင်းသွားတဲ့အတွက် ဒီနေ့မနက် (၁၁း၃၀) လောက်မှာ အားလုံးကို ပေးပြန်လိုက်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ အညာဒေသတွင် မိုးပြန်ရွာသည်မှာ ဆယ်ရက်ဝန်းကျင်ခန့်ရှိပြီး တောထဲတွင် သဘာဝမှိုများပေါက်လေ့ရှိကြောင်း။ တောင်ဥသျှစ်ကုန်းရွာမှ တောထဲသို့ နွားကျောင်းသွားသူ လေးယောက်သည် တောထဲမှတွေ့သော မှိုများကို မိသားစု အိမ်နီးချင်းများကို စားရန်ပေးခဲ့ရာ ည ( ၈) နာရီဝန်းကျင် အချိန်တွင် မှိုစားမိသူများမှာ ပျို့အန်သော ဝေဒနာများစတင်ခံစားရပြီး ည (၁၁) နာရီတွင် သာစည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း လူနာမှတ်တမ်း လူနာရောက်ရှိချိန် ဆေးရုံဆင်းချိန်တို့ကိုလည်း တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ထံ သတင်းပို့ပြီးဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးက ရှင်းပြသည်။

R-01