News

POST TYPE

NEWS

ရွှေဘိုမြို့မဈေးရှိ ဈေးဆိုင်များကို FDA စစ်
30-Sep-2018


ရွှေဘို၊ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို မြို့မဈေးကြီးအတွင်း စားသောက်ကုန် ရောင်းချသည့်ဆိုင်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က စက်တင်ဘာလ ၂၈ ရက်နေ့က စစ်ဆေးခဲ့ပြီး ရောင်းချခြင်းမပြုရန် တားမြစ်ထားသည့် စားသောက်ကုန်များကို သိမ်းဆည်းခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

ယင်းသို့စစ်ဆေးရာတွင် မရောင်းချရန် တားမြစ်ထားသည့် စားသောက်ကုန်များတွေ့ရှိသဖြင့် သိမ်းဆည်းခဲ့ပြီး ဆိုးဆေးပါ သံသယရှိ စားသောက်ကုန်များကိုမူ စစ်ဆေးရန် နမူနာဝယ်ယူခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ ခိုင်ယုမွန်ဇော်က ပြောကြားသည်။

အဆိုပါဈေးအတွင်း စားသောက်ကုန် ရောင်းချသည့်ဆိုင်များမှ အဝါရောင်တောက်သည့် ပဲကြီးလှော်၊ ဂျင်းချဉ်၊ အနီရောင်တောက်သည့် ဆိုးဆေးပါသည်ဟု ယူဆရသော ငါးမုန့်ခြောက်၊ ငရုတ်သီးမှုန့်၊ တံဆိပ်မပါသည့် ချိုချဉ်၊ အနီရောင်တောက်သည့် မက်မန်းသီးပေါင်း၊ ဂျယ်လီစသည့် အမျိုးအစား ၁၂ မျိုးကို စစ်ဆေးရန်ဝယ်ယူခဲ့ပြီး ရောင်းချရန်မသင့်ဟု သတ်မှတ်ထားသည့် မုန့်ရောင်းချနေသည့် ဆိုင်ရှင်ကို နောက်နောင်ရောင်းချခြင်းမပြုရန် ခံဝန်လက်မှတ်ထိုးစေခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထံမှ သိရသည်။

R-09



  • VIA