POST TYPE
NEWS
အင်ဒိုနီးရှားတွင် မြေငလျင်နှင့် ဆူနာမီကြောင့် လူအမြောက်အမြားသေဆုံး၊ ပျက်စီးဆုံးရှုံးမှုလည်း များပြား
29-Sep-2018

ဂျကာတာ၊ စက်တင်ဘာ ၂၉
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းပေါ်ရှိ ပါလူစီတီတွင် စက်တင်ဘာလ ၂၈ ရက်နေ့က ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိသော မြေငလျင်ကြီးလှုပ်ခတ်သွားရာ အဆောက်အအုံအတော်များများ ပြိုကျပျက်စီးခဲ့ပြီး ကမ်းရိုးတန်းဒေသတွင် ဆူနာမီလှိုင်းလုံးကြီးများတက်လာကြောင်း၊ သေဆုံးသူအများအပြားရှိခဲ့ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။
“ပါလူမြို့မှာ ဆူနာမီဖြစ်ပေါ်ခဲ့တယ်”ဟု မြေငလျင်နှင့် ဆူနာမီသဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီ၏ အကြီးအကဲ ရာမတ်ထရီရိုနိုကပြောကြားသည်။
လူဦးရေ ၃၅၀၀၀၀ ကျော်ခန့်ရှိသည့် အဆိုပါ ပါလူမြို့သည် မြေငလျင်ဗဟိုချက်နှင့် ၈၀ ကီလိုမီတာအကွာတွင်တည်ရှိသည်။
အစိုးရအာဏာပိုင်များ၏ အဆိုအရ ဆူနာမီလှိုင်းလုံးများ၏ အမြင့်မှာ ၂ မီတာထိရှိကြောင်း၊ သို့သော် ဆူနာမီဖြစ်ပြီးနောက် ကမ်းရိုးတန်းဒေသတွင်ရေပြန်ကျသွားကြောင်း သိရသည်။ သို့သော် ရေပြန်ကျသွားချိန်တွင် ပါလူမြို့ကမ်းခြေဒေသ၌ သေဆုံးသူရုပ်အလောင်းများကိုတွေ့ရသည်ဟု ၎င်းတို့က ဆိုသည်။
သေဆုံးသူ စုစုပေါင်း ၄၈ ဦးထိရှိသွားပြီဖြစ်ပြီး ထပ်မံတိုးမြင့်လာမည့်အခြေအနေတွင်ရှိသည်ဟု ကယ်ဆယ်ရေးအာဏာပိုင်များကဆိုသည်။
F-01
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
01-Mar-2021