POST TYPE
NEWS
အင်ဒိုနီးရှားတွင် အင်အားပြင်းငလျင်လှုပ်ပြီးနောက် ဆူနာမီလှိုင်းလုံးကြီးများဖြစ်ပေါ်
29-Sep-2018

ဂျကာတာ၊ စက်တင်ဘာ ၂၈
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းပေါ်ရှိ ပါလူစီတီတွင် စက်တင်ဘာလ ၂၈ ရက်နေ့က ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိသော မြေငလျင်ကြီးလှုပ်ခတ်သွားရာ အဆောက်အအုံအတော်များများ ပြိုကျပျက်စီးခဲ့ပြီး မြို့ခံပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရကြောင်း၊ ငလျင်ကြောင့် ကမ်းရိုးတန်းဒေသတွင် ဆူနာမီလှိုင်းလုံးကြီးများတက်လာကြောင်း Channel News Asia သတင်းဌာနကရေးသားဖော်ပြသည်။
“ပါလူမြို့မှာ ဆူနာမီဖြစ်ပေါ်ခဲ့တယ်”ဟု မြေငလျင်နှင့် ဆူနာမီသဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီ၏ အကြီးအကဲ ရာမတ်ထရီရိုနိုက ပြောကြားသည်။
လူဦးရေ ၃၅၀၀၀၀ ကျော်ခန့်ရှိသည့် အဆိုပါ ပါလူမြို့သည် မြေငလျင်ဗဟိုချက်နှင့် ၈၀ ကီလိုမီတာအကွာတွင်တည်ရှိသည်။
အစိုးရအာဏာပိုင်များ၏ အဆိုအရ ဆူနာမီလှိုင်းလုံးများ၏ အမြင့်မှာ ၂ မီတာထိရှိကြောင်း၊ သို့သော် ဆူနာမီဖြစ်ပြီးနောက် ကမ်းရိုးတန်းဒေသတွင်ရေပြန်ကျသွားကြောင်း သိရသည်။
အဆိုပါ မြေငလျင်နှင့် ဆူနာမီကြောင့် လူထိခိုက်သေဆုံးသည့် သတင်းများမကြားရသေးပေ။ သို့သော် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ပါလူမြို့ရှိ အာဏာပိုင်အချို့နှင့် အဆက်အသွယ်မရရှိသေးသလို တံငါရွာဖြစ်သော ဒွန်ဂါလာနှင့်လည်း အဆက်အသွယ်ပြတ်နေသည်ဟု ပြောကြားသည်။
လူမှုကွန်ယက်ပေါ်တွင်တက်လာသော ဗီဒီယိုဖိုင်တစ်ခုတွင် ပါလူမြို့ကမ်းခြေရှိ အသေးစား စားသောက်ဆိုင်ငယ်များ ဆူနာမီလှိုင်းလုံးကြောင့် ရေထဲမျောပါသွားသည်ကိုတွေ့ရသည်။
F-01
- SOURCES
- The Voice
-
26-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021