News

POST TYPE

NEWS

အရက်မူးအော်ဟစ်ဆဲဆိုရာမှ ဓားခုတ်မှုဖြစ်
27-Sep-2018

တောင်ငူ၊ စက်တင်ဘာ ၂၇

ပဲခူးမြို့ ကလျာဏီရပ်ကွက် မင်းရဲကျော်စွာလမ်းတွင် စက်တင်ဘာ ၂၆ ရက် ည ၁၀ နာရီခန့်က အရက်မူးပြီး အော်ဟစ်ဆဲဆိုသူနှင့် အိမ်နီးချင်းတို့ စကားများရာမှ ဓားခုတ်မှုဖြစ်ခဲ့ကြောင်း ပဲခူးမြို့ အမှတ် ၂ နယ်မြေရဲစခန်းမှသိရသည်။

ဓားခုတ်မှုတွင် အရက်မူးပြီး အော်ဟစ်ဆဲဆိုသူ သေဆုံးခဲ့သည်။ ထိုညက အိမ်နီးချင်းဖြစ်သူ အလုပ်မှပြန်လာချိန် ၎င်း၏အမေ အိပ်မရဖြစ်သည်ကိုတွေ့၍ အော်ဟစ်ဆဲဆိုနေခြင်းမပြုရန် တားရာမှ အပြန်အလှန်စကားများခဲ့ကြောင်း ယင်းရဲစခန်း ရဲအရာရှိက ပြောသည်။

စကားများရာမှတစ်ဆင့် နှစ်ဦးသား ကိုယ်စီဓားကိုင်သည်အထိ ဖြစ်ခဲ့သည်။ အော်ဟစ်ဆဲဆိုသူဆိုသူက အိမ်နီးချင်းကို ဓားဖြင့်စခုတ်ရာ လက်ကို ခုတ်မိခဲ့သည်။ အိမ်နီးချင်းက ပြန်ခုတ်ရာ အော်ဟစ်ဆဲဆိုသူ၏လည်ပင်းကို ခုတ်မိပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ထပ်ပြောသည်။

စကားများရန်ဖြစ်ရာတွင် အရက်သောက်ဆဲဆိုသူ၊ ဓားဖြင့်စခုတ်သူ ဦးဝင်းအောင် (၄၈ နှစ်ခန့်) သေဆုံးခဲ့၍ အိမ်နီးချင်းဆိုသူ ဦးအောင်မွန် (၃၄) နှစ်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း ပဲခူးမြို့ အမှတ် (၂) နယ်မြေရဲစခန်းထံမှ သိရှိရသည်။

R-15