POST TYPE
NEWS
စက်သုံးဆီဈေး ဆက်တက်
26-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၂၆
ပြည်ပစက်သုံးဆီဈေး ဆက်လက်မြင့်တက်လာသဖြင့် ပြည်တွင်းတွင်လည်း ယနေ့ စက်တင်ဘာ ၂၆ ရက်တွင် စက်သုံးဆီဈေးနှုန်း တစ်လီတာ ၁၀ ကျပ်ခန့် ဆက်တက်နေကြောင်း ရန်ကုန်စက်သုံးဆီဈေးကွက်မှ သိရှိရသည်။
ဒေါ်လာဈေးမြင့်ခြင်းနှင့်အတူ ပြည်ပစက်သုံးဆီတစ်စည်လျှင် ပြီးခဲ့သည့် ရက်ပိုင်းကထက် ၂ ဒေါ်လာခန့်ဆက်လက်မြင့်တက်နေကြောင်း စက်သုံးဆီလုပ်ငန်းရှင်များက ပြောကြားသည်။
လက်ရှိ ရန်ကုန်စက်သုံးဆီဈေးကွက်အတွင်း ဒီဇယ်တစ်လီတာ ၁၀၆၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၁၀၇၅ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၁၀၃၅ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာ ၁၀၈၅ ကျပ် ဈေးရှိသည်။
ပြည်ပဈေးမှာ ဒီဇယ်တစ်စည် အမေရိကန်ဒေါ်လာ ၉၅ ကျော်၊ အဆင့်မြင့်ဒီဇယ် တစ်စည် ၉၆ ဒေါ်လာကျော်၊ အောက်တိန်း ၉၂ တစ်စည် ၈၉ ဒေါ်လာကျော်နှင့် အောက်တိန်း ၉၅ တစ်စည် ၉၁ ဒေါ်လာကျော်ဈေးရှိနေသည်။
လက်ရှိဒေါ်လာဈေးမှာ အကျဈေးဖြင့် ဈေးဖွင့်လာခဲ့ပြီး ပြင်ပငွေလဲကောင်တာများတွင် တစ်ဒေါ်လာ ၁၅၇၅ ကျပ်၊ ပုဂ္ဂလိကဘဏ်များတွင် တစ်ဒေါ်လာ ၁၅၈၀ ကျပ်နှင့် ဗဟိုဘဏ်ဈေးမှာ တစ်ဒေါ်လာ ၁၅၇၈ ကျပ်ဈေးရှိကြောင်း နံနက်ပိုင်း ငွေကြေးဈေးကွက်မှ သိရသည်။
S-04
- VIA
- Thura Htun
- SOURCES
- The Voice
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
15-Feb-2019