News

POST TYPE

NEWS

ကျိုင်းတုံနည်းပညာတက္ကသိုလ်၌ ဗုံးသီးဟောင်းများတွေ့
21-Sep-2018



ကျိုင်းတုံ၊စက်တင်ဘာ ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဝမ်မိုင်ရွာအနီးရှိ ကျိုင်းတုံနည်းပညာတက္ကသိုလ်တွင် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ကျောင်းသားအိပ်ဆောင်သစ် ဆောက်လုပ်ရန် မြေကျင်းတူးဖော်ရာမှ ဗုံးသီးဟောင်းများ တွေ့ရှိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူးသန်းထွန်းအောင်က ပြောကြားသည်။

“မြေကျင်းတူးရင်းကနေ အနက် ၅ ပေ အရောက်မှာ အရှည် ၁၀ လက်မခွဲခန့်နဲ့ လုံးပတ် ၁၀ လက်မခန့်ရှိတဲ့ ဗုံးသီးဟောင်းတစ်လုံးနဲ့ ပေါက်ကွဲပြီး ဗုံးသီးလေးလုံးစာခန့်ရှိတဲ့ ဗုံးဆံအပိုင်းအစတွေ တွေ့ခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါနည်းပညာတက္ကသိုလ် နေရာသည် ယခင်ဒုတိယကမ္ဘာစစ်အတွင်းက လေယာဉ်ကွင်းအဖြစ် အသုံးပြုခဲ့ရာ လက်ရှိဗုံးသီးဟောင်းနှင့် ဗုံးဆံအပိုင်းအစများကို အမှတ် (၉၁၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

R-16