News

POST TYPE

NEWS

ဆွာမီးရထားချောင်းကူးတံတား ယနေ့ စတင်ဖြတ်သန်းခွင့်ပြု
20-Sep-2018

တောင်ငူ၊ စက်တင်ဘာ ၂၀

ဆွာချောင်းတမံကျိုးပေါက်ရာမှ ရေတိုက်စားခံရပြီး မျောပါခဲ့သည့် ဆွာမီးရထားချောင်းကူးတံတားကို စမ်းသပ်မောင်းနှင်မှုလုပ်ပြီးနောက် ၁၁ အဆန်၊ ၁၂ အစုန်ရထားများကို စတင်ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း တောင်ငူဘူတာ အထူးတန်းရုံပိုင်ကြီး ဦးကျော်မျိုးလွင်က ပြောကြားသည်။

ဆွာနှင့်ရေတာရှည်အကြား မီးရထားချောင်းကူးတံတား ပျက်စီးခဲ့သဖြင့် အစုန်အဆန် ရထားခရီးသည်များကို ရေတာရှည်နှင့် ဆွာအကြား မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရပြီး ယနေ့ (စက်တင်ဘာ ၂၀ ရက်)တွင် တံတားကို စတင်ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

“၁၁ အဆန်​မီးရထားက ဒီနေ့ မွန်းတည့်​ ၁၂ နာရီ​ကျော်​မှာ​ တောင်​ငူက ဖြတ်​သန်းသွားပါပြီ။ ၁၂ အစုန်​မီးရထားက နှစ်နာရီ​ကျော်​မှာ ​တောင်​ငူကိုဝင်​မယ်​။ မနက်​ဖြန်​​တော့ အမြန်​​ကော ​လော်​ကယ်​​ရော ပုံမှန်ြ​ဖတ်​သန်းနိုင်​မယ်​”ဟု ဦးကျော်မျိုးလွင်က ရှင်းပြသည်။

တံတားပျက်​စီးခဲ့သည့်​ သြဂုတ်​လ ၂၉ ရက်​​မှစပြီး တံ​တားပြင်​ဆင်​ပြီးချိန်​အထိ ရက်​​ပေါင်း ၂၀ ခန့်​ ကြာမြင့်​ခဲ့ပြီး ယနေ့ (စက်​တင်​ဘာလ ၂၀ ရက်​​) နံနက်​က ​ကျောက်​သယ်​မီးရထားတွဲများကို စမ်းသပ်​မောင်းနှင်စေ​ခဲ့ပြီး​နောက်​ ၁၁ အဆန်​နှင့်​ ၁၂ အစုန်​မီးရထားများ စတင်​ဖြတ်သန်းခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ခရီးသွားများ အားထားစီးနှင်းရာ ၅ အဆန်​နှင့်​ ၆ အစုန်​မီးရထား(အမြန်​ရထား)များကိုလည်း စက်​တင်​ဘာလ ၂၁ ရက်​​တွင်​ ​ပြေးဆွဲ​မောင်းနှင်​သွားမည်​ဖြစ်​ပြီး​ ရေတာရှည်​ဘူတာနှင့် ဆွာဘူတာအကြား ​ခရီးသည်​များကို ​မော်​​တော်​ယာဉ်​ဖြင့်​ သယ်ယူပို့ဆောင်​​ပေးမှုကိုလည်း ရပ်​နားလိုက်​ပြီဖြစ်​သည်​ဟု မြန်​မာ့မီးရထားလုပ်​ငန်းမှ သိရှိရသည်။

R-15