News

POST TYPE

NEWS

ချောက်တွင် ကိုယ်ထူကိုယ်ထ ပန်းခြံနှင့်ကလေးကစားကွင်းဖွင့်
16-Sep-2018



ချောက်၊ စက်တင်ဘာ ၁၆

ချောက်မြို့ အမှတ် (၇) ရပ်ကွက် ရွာဟောင်းလမ်းဆုံတွင် အများပြည်သူစုပေါင်းငွေဖြင့် ကိုယ်ထူကိုယ်ထပန်းခြံနှင့် ကလေးကစားကွင်းကို ယနေ့ စက်တင်ဘာ ၁၆ ရက်၌ ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဝင်းက ပြောကြားသည်။

ယခင်က ကစားကွင်းမရှိသဖြင့် လမ်းဆုံလမ်းခွများတွင် ကလေးများကစားရပြီး ယခုအခါ ပေ ၁၀၀၊ ပေ ၈၀ ရှိသည့် ကလေးကစားကွင်းမြေနေရာကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက လှူဒါန်းပြီး အများပြည်သူလှူဒါန်းငွေ သိန်း ၆၀ အကုန်အကျခံ တည်ဆောက်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

တိုင်းလွတ်တော်အမတ် ဒေါ်စန်းစန်းဝင်းက “အခုဆိုရင် ကလေးကစားကွင်း တည်ဆောက်လာတဲ့အတွက် ကလေးတွေကျန်းမာရေး ကိုယ်လက်လှုပ်ရှားရင်းကနေ အားကစားစိတ်ဓာတ်တွေ မြင့်မားလာမှာဖြစ်ပါတယ်”ဟု မှတ်ချက်ပေးပြောဆိုသည်။

ပန်းခြံနှင့်ကစားကွင်းဖွင့်ပွဲသို့ တိုင်းလွှတ်တော်အမတ် ဒေါ်စန်းစန်းဝင်း၊ ဦးစိုးဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း၊ ရေနံလျှပ်စစ်ဌာနမန်နေဂျာဦးနေလင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ရပ်ကွက်နေသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

R-24