News

POST TYPE

NEWS

စလေတွင် ရက်လွန်စားသောက်ကုန်များတွေ့
14-Sep-2018


ချောက်၊ စက်တင်ဘာ ၁၄

စလေမြို့ ပြည်သူ့ဈေးရှိ စားသောက်ကုန်အရောင်းဆိုင်များကို မကွေးခရိုင် FDA နှင့် စားသုံးသူရေးရာဌာနပေါင်း၍ ယနေ့ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက လိုက်လံစစ်ဆေးရာ ရက်လွန်မုန့်နှင့် အချိုရည်ဗူးမျိုးစုံ ရောင်းချသည်ကိုတွေ့ရှိကြောင်း စစ်ဆေးရေးအဖွဲ့ထံမှ သိရှိရသည်။

မကွေးခရိုင် FDA မှ ဒေါက်တာတင်ကိုဝင်းက “သက်တမ်းလွန်ကတော့ အနည်းအကျဉ်းတွေ့ခဲ့တယ်။ သက်တမ်းလွန်တွေတွေ့ရှိတော့ ကျွန်တော်တို့က ပညာပေးကာလဆိုတော့ သိမ်းဆည်းတာတို့မလုပ်ခဲ့ပါဘူး။ ဆိုင်ရှင်ကို ပညာပေးခဲ့တယ်”ဟု ပြောကြားသည်။

ရက်လွန်စားသောက်ကုန်များ တွေ့ရှိရသော်လည်း ကုန်ပစ္စည်းများတွင် တားမြစ်ဆိုးဆေးသုံးစွဲခြင်းနှင့် FDA ထုတ်ပြန်ထားသော တားမြစ်စားသောက်ကုန်များ ရောင်းချခြင်းကိုမူ မတွေ့ရှိရသေးကြောင်း ဒေါက်တာတင်ကိုဝင်းက ပြောဆိုသည်။

ထိုသို့ဈေးအတွင်း လိုက်လံစစ်ဆေးပြီးနောက် မကွေးခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ဈေးနှင့် အထက်တန်းကျောင်းတွင် စားသုံးသူအခွင့်အရေးအကြောင်းအရာနှင့် ဥပဒေကို ရှင်းလင်းအသိပေးခဲ့ကြောင်း ယင်းအဖွဲ့အစည်းများထံမှ သိရှိရသည်။

R-24


  • VIA