News

POST TYPE

NEWS

မိုင်ယုတွင် စစ်ကျန်ဗုံးသီးဟောင်း ၇ လုံးတွေ့
14-Sep-2018



ကျိုင်းတုံ၊ စက်တင်ဘာ ၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယုမြို့ မြို့မရပ်ကွက် ထေရဝါဒဗုဒ္ဗသာသနာပြုကျောင်း အနောက်ဘက်ရှိ နမ့်လွေချောင်းကမ်းပါးတွင် စက်တင်ဘာ ၁၃ ရက်က စစ်ကျန်ဗုံးသီးဟောင်း ၇ လုံးတွေ့ရှိကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဒေသခံတစ်ဦးက မနက်ပိုင်းမှာ ရေပိုက်ကနေ ရေမလာလို့ လိုက်စစ်တော့ ချောင်းကမ်းပါးကနေ ဗုံးသီးဟောင်း ၃ လုံးစတွေ့ခဲ့တယ်။ နေ့လယ်ပိုင်းမှာ တပ်မတော်အဖွဲ့တွေ ထပ်ရှာဖွေတော့ ၄ လုံးထပ်တွေ့ခဲ့တယ်။ အားလုံးက သုံးလက်မ စိန်ပြောင်းဗုံးသီးဟောင်းတွေလို့ သိရတယ်”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ သုံးလက်မ ဗုံးသီးဟောင်း ၇ လုံးသည် ၁၉၅၀ ခုနှစ်တွင် တပ်မတော်မှ စတင်အသုံးပြုခဲ့သည့် ဗြိတိန်နိုင်ငံထုတ် စိန်ပြောင်းဗုံးသီးများဖြစ်ပြီး ၎င်းဗုံးသီးဟောင်းများကို လက်ရှိတွင် မိုင်းယုမြို့ ထေရဝါဒဗုဒ္ဗသာသနာပြုကျောင်းရှိ အသုံးမပြုတော့သည့် အိမ်သာအတွင်း လုံခြုံစွာသော့ခတ်၍ ယာယီထိန်းသိမ်းထားရှိကာ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

R-16