News

POST TYPE

NEWS

မိုးကုတ်တွင် သိန်း ၅၄၀၀ တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိ
11-Sep-2018
မန္တလေး၊ စက်တင်ဘာ ၁၀

မိုးကုတ်မြို့နယ် လယ်ကြီးစစ်ဆေးရေးဂိတ်တွင် ယာဉ်တစ်စီးပေါ်မှ ကျပ် သိန်း ၅၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ စက်တင်ဘာလ ၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါစစ်ဆေးရေးဂိတ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ရာအိမ်မှူးများက မူးယစ်သတင်းအရ စစ်ဆေးစဉ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မိုးကုတ်မြို့မ ရဲစခန်းမှူး ဒုတိယရဲမှူးအောင်နိုင်ဝင်းက ပြောကြားသည်။ 

အဆိုပါယာဉ်ပေါ်တွင် မူးယစ်ဆေးများထည့်ထားသော ဘိန်းဖြူဆပ်ပြာခွက် ၃၈၂ ခွက်၊ တန်ဖိုး ၄၅၈၄ သိန်းနှင့် စိတ်ကြွဆေးပြား၂၉,၂၀၀ ပြား စုစုပေါင်းတန်ဖိုး ကျပ် ၅၄၆၀ သိန်းတန်ဖိုးရှိ မူးယစ်ဆေးများ တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ 

ယင်းကဲ့သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် အသက် ၂၇ အရွယ် ယာဉ်မောင်းအစိုင်းနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၁၈ နှစ်အရွယ်ရှိ အိုက်ရီ၊ အသက် ၂၂ နှစ်အရွယ်ရှိ အိုက်နနှင့် အသက် ၃၀ အရွယ်ရှိ အိုက်တီ (ခ) ကျော်စိန်တို့ကို ဖမ်းဆီးထားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ-၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း မိုးကုတ်မြို့မ ရဲစခန်းထံမှ သိရသည်။  

M-04


  • VIA