News

POST TYPE

NEWS

ချမ်းမ်နစ်ဇ် ဂျူးစားသောက်ဆိုင် တိုက်ခိုက်ခံရမှုသည် ကမ္ဘာသိ Five past midnight ဖြစ်ရပ်နှင့်တူသည်ဟု ဂျူးအသိုင်းအဝိုင်းပြောကြား
11-Sep-2018


ဘာလင်၊ စက်တင်ဘာ ၁၀

ဂျာမနီနိုင်ငံအရှေ့ပိုင်း ချမ်းမ်နစ်ဇ်တွင် ဂျူးစားသောက်ဆိုင် တိုက်ခိုက်ခံရမှုသည် ဂျာမနီရှိ ဂျူးအသိုင်းအဝိုင်းကို တုန်လှုပ်သွားစေခဲ့ကြောင်းနှင့် အစိုးရ၏ဂျူးမုန်းတီးမှုဝါဒ တိုက်ဖျက်ရေးဝန်ကြီးကလည်း အကြမ်းဖက်စရိုက်လက္ခဏာသစ် တစ်မျိုးဖြစ်သည်ဟု ပြောဆိုလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

ဂျာမနီ ဂျူးအသိုင်းအဝိုင်းက ချမ်းမ်နစ်ဇ်ရှိဂျူးစားသောက်ဆိုင်တစ်ဆိုင် ဩဂုတ်လကုန်ပိုင်းက နာဇီလက်သစ်များ၏ တိုက်ခိုက်ခံရမှုအပေါ်အလွန်အမင်းစိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အခြေအနေဆိုးဝါးမှုကို လျှော့ပေါ့ပြောဆိုခဲ့သည့် အာဏာပိုင်များကိုလည်း ပြစ်တင်ဝေဖန်ခဲ့သည်။

“ချမ်းမ်နစ်ဇ်မှာ ရှာလွမ်ဂျူးစားသောက်ဆိုင်ကို နာဇီလက်သစ်တွေက တိုက်ခိုက်ခဲ့တဲ့သတင်းဟာ ကျွန်တော်တို့ကိုတုန်လှုပ်သွားစေပါတယ်။ ချမ်းမ်နစ်ဇ်က အခြေအနေကို အစိုးရတာဝန်ရှိသူတွေနဲ့ လုံခြုံရေးအာဏာပိုင်တွေက ဖုံးဖိဖို့ ကြိုးစားနေတာကိုတော့ ကျွန်တော် နားမလည်နိုင်ပါဘူး။ ကြံရွယ်ချက်နဲ့ နှစ်သိမ့်တာတွေ၊ လူပြိန်းကြိုက် လက်ယာစွန်းတွေနဲ့ ကင်းကွာမှု မရှိတာတွေဟာ ဒီလိုလူစုတွေရဲ့ လက်ထဲမှာကစားခံ နေရတဲ့သဘောပါပဲ”ဟု ဂျာမနီဂျူးဗဟို ကောင်စီဥက္ကဋ္ဌ ဂျိုးဆက်ရှူစတာက ပြောကြားသည်။

“ဒါက five past midnight နဲ့ အတူတူပါပဲ။ ဆိုးဝါးတဲ့ဖြစ်ရပ်ကို အသေးအဖွဲလို သဘောထားနေတဲ့ ဂျာမန်အာဏာပိုင်တွေကို သံသယဖြစ်မိပါတယ်” ဟု ရှူစတာက ပြောကြားသည်။

မကြာသေးမီက ချမ်းမနစ်ဇ်တွင် လက်ယာစွန်းဆန္ဒပြသူများ၏ အကြမ်းဖက်မှုကိစ္စများကို လျှော့ပေါ့ပြောဆိုဖို့ ကြိုးစားသည်ဟု ယူဆရသော မှတ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းချက်ပေးရန် ပြည်တွင်း လုံခြုံရေးဌာနအကြီးအကဲ ဟန်ဂျော့ချ်မာဆန်အပေါ် ဖိအားများကျရောက်နေချိန်တွင် ရှူစတာ၏ ဝေဖန်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။

မာဆန်၏ အငြင်းပွားဖွယ်မှတ်ချက်တစ်ခုမှာ ချမ်းမနစ်ဇ်တွင် လက်ယာစွန်းဆန္ဒပြသူများက နိုင်ငံခြားသားများကို လိုက်ဖမ်းနေခြင်းကို ပြသသည့် ဗီဒီယိုဖိုင်များကို သံသယရှိကြောင်း ပြောဆိုခဲ့မှုဖြစ်သည်။

ပြည်ထဲရေးဝန်ကြီး ဟို့စ်ရှော်ဖာက မာဆန်သည်ပြောခဲ့သော မှတ်ချက်များနှင့် ပတ်သက်၍ တနင်္လာနေ့တွင် ထုချေလွာတင်ရမည်ဖြစ်ကြောင်း၊ ၎င်းအနေနှင့် မာဆန်ကိုယုံကြည်စိတ်ချကြောင်း၊ သို့သော်လုံခြုံရေးဌာနအကြီးအကဲသည် ပြောသမျှ၊ လုပ်သမျှအတွက် တာဝန်ခံရမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားသည်။

ဂျူးဗဟိုကောင်စီဥက္ကဋ္ဌဟောင်း ချာလော့နိုဗလော့ချ်ကလည်း “ချမ်းမနစ်ဇ်မှာ ဂျူးတွေကိုတိုက်ခိုက်တာဟာဂျူးတွေ ကိုသာမကဘဲ ဂျာမန်လူ့အဖွဲ့အစည်းတစ်ခုလုံးကို စိန်ခေါ်လိုက်တာပါပဲ” ဟု မှတ်ချက်ပေးသည်။

ဂျာမန် တရားရေးဝန်ကြီး ကာတရီနာဘာလီကလည်းချမ်းမနစ်ဇ် တိုက်ခိုက်မှုသည် အတိတ်က ဖြစ်ရပ်ဆိုးများကို နှိုးဆွခြင်းဖြစ်သည်ဟု ပြစ်တင်ရှုတ်ချလိုက်ပြီး “ဂျူးတွေအပေါ် တိုက်ခိုက်မှု နောက်တစ်ကြိမ် ကြုံတွေ့နေရတာကို သည်းမခံနိုင်ပါဘူး”ဟု ပြောကြားသည်။

အစိုးရ၏ ဂျူးမုန်းတီးမှု တိုက်ဖျက်ရေးဝန်ကြီး ဖဲလစ်ကလိန်းက “ဒီသတင်းသာ အမှန်ဆိုရင် ချမ်းမနစ်ဇ်တိုက်ခိုက်မှုမှာ ဂျူးမုန်းတီးရေး စရိုက်လက္ခဏာသစ်တစ်မျိုးကို ကျုပ်တို့ကိုင်တွယ်ရတော့မှာပေါ့”ဟု ပြောကြားသည်။

ဩဂုတ်လ ၂၇ ရက်က ဖြစ်ရပ်တွင် ဂျူးစားသောက်ဆိုင်ကို လူတစ်စုက ကျောက်တုံးများ၊ ပုလင်းများ၊ အခြားရရာ ပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့ကြသည်ဟု ဆိုင်ရှင်ဇူဘာလာကပြောကြားသည်။ ၎င်း၏ ပခုံးကိုလည်း ထိမှန်ခဲ့သည်ဟု ဇူဘာလာက ဆိုသည်။

F-04