News

POST TYPE

NEWS

အမရပူရသင်္ချိုင်းတွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားအလောင်း နှစ်လောင်းတွေ့
09-Sep-2018
မန္တလေး၊ စက်တင်ဘာ ၈

မန္တလေးခရိုင် အမရပူရမြို့နယ် ငယ်တိုးကျေးရွာအုပ်စု ရွှေလွန်းရပ်ရွာပြင် သင်္ချိုင်းတွင် အမျိုးသားနှစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စက်တင်ဘာလ ၈ ရက်နေ့က တွေ့ရှိခဲ့ကြောင်း အမရပူရမြို့နယ် ဒေသခံများထံမှ သိရသည်။

အသက် ၅၆ နှစ်ခန့် အရွယ်ရှိသည့် ဦးမြင့်စိုးဆိုသူနှင့် အခြားအမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံများအဆိုအရ သိရသည်။

ဦးမြင့်စိုးသည် မျက်နှာအနှံ့အပြားတွင် ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ပြီး ကျန်အမျိုးသားမှာလည်း မျက်နှာအနှံ့တွင် ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ရွှေလွန်းရပ်အတွင်း နေထိုင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းမှုများပြုလုပ်နေဆဲဖြစ်၍ အသေးစိတ် မပြောနိုင်သေးကြောင်း အမရပူမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

M-04



  • VIA