POST TYPE
NEWS
ဖားကန့်တွင် ရေမဆေးနှင့်ရဲ ပဋိပက္ခဖြစ်
06-Sep-2018
မြစ်ကြီးနား၊ စက်တင်ဘာ ၆
ဖားကန့်မြို့နယ် ကျောက်စိမ်းသစ်ရွက်လုပ်ကွက်တွင် ယနေ့ စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက ရေမဆေးသမားများနှင် ရဲတပ်ဖွဲ့တို့ ပဋိပက္ခအနည်းငယ်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယင်းလုပ်ကွက်သည် ဆိပ်မူအုပ်စု နမ့်မှော်ရွာအနီးရှိပြီး ရေမဆေးရှာသူ ၁၀၀ ခန့်က လုပ်ကွက်အတွင်းရှာဖွေရာမှ ရဲနှင့်အချင်းများပြီး ရဲက ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း ဆိပ်မူရွာ ဒီချုပ်ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောဆိုသည်။
ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူနှင့် သေဆုံးသူမရှိပေ။ ဖားကန့်တွင် ရေမဆေးနှင့်ရဲ မကြာခနပဋိပက္ခဖြစ်လေ့ရှိပြီး ပြီးခဲ့သည့်နှစ်အတွင်းက ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် ရေမဆေးသမား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
R-06
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
15-Feb-2019