News

POST TYPE

NEWS

ထိုင်းတွင် အလုပ်သွားလုပ်မည့် မြန်မာအလုပ်သမား ငါးဆယ်ခန့်ပါသည့်ယာဉ် တိမ်းမှောက်
ရန်ကုန်၊ စက်တင်ဘာ ၁

ထိုင်းနိုင်ငံ တော့ခ်ခရိုင် မဲဆောက်- ဘန်ကောက်လမ်းတွင် မြန်မာအလုပ်သမား ၄၈ ဦးပါ ISUZU ကား စက်တင်ဘာလ ၁ ရက်၊ နံနက် ၁ နာရီခွဲက တိမ်းမှောက်ခဲ့သဖြင့် အလုပ်သမားတစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မြဝတီ မြို့နယ်အလုပ်သမား ညွှန့်ကြားရေးဦးစီးဌာနမှ ဦးစီးမှူးဦးတင်နိုင်က ပြောကြားသည်။

“ဟုတ်တယ်။ လူတစ်ယောက် သေတယ်။ ကျန်တဲ့ အလုပ်သမားတွေ ထိခိုက်ဒဏ်ရရတယ်။ တာခ်ဆေးရုံမှာ တင်ထားတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ အလုပ်သမား ၄၈ ဦးမှာ Three Diamond ကုမ္ပဏီက တရားဝင်စေလွှတ်ခဲ့သည် အလုပ်သမားများဖြစ်ကြောင်း ၎င်းကပြောကြားသည်။

သေဆုံးနှင့် ဒဏ်ရာရရှိသူများကို တာခ်ခရိုင်ဆေးရုံသို့လည်းကောင်း၊ ကျန်အလုပ်သမားအား တာ့ခ်ခရိုင်ရဲစခန်းရိပ်သာဆောင်တွင် ထားရှိ၍ ကျန်းမားရေး စစ်ဆေးနေကြောင်း ၎င်းကပြောကြားသည်။

တိမ်းမှောက်ခဲ့သည့်ယာဉ်တွင် Three Diamond Co., Ltd မှ MoU စနစ်ဖြင့် စေလွှတ်သည် အလုပ်သမား ၄၈ ဦးအနက် ကျား ၁၀ ဦး၊ မ ၃၈ ဦး လိုက်ပါလာခြင်းဖြစ်ပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရသူဦးရေကို အတည်မပြုနိုင်သေးကြောင်း ၎င်းကပြောကြားသည်။

သေဆုံးသူအမျိုးသားသည် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် နေထိုင်သူဖြစ်သည်။

J-18