News

POST TYPE

NEWS

နာဂဒေသတွင် အဖျားရောဂါကြောင့် ကလေးငယ်နှစ်ဦး သေဆုံး
28-Aug-2018
ကလေး၊ သြဂုတ် ၂၈

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့နယ်၊ လန်းပန်းကျေးရွာတွင် အဖျားရောဂါကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း ဒုံဟီးမြို့ဒေသခံများထံမှ သိရသည်။

အဆိုပါကျေးရွာတွင် သြဂုတ်လ ပထမပတ်မှစ၍ တစ်ရွာလုံးနီးပါးရှိလူများတွင် အဖျားရောဂါခံစားနေရပြီး ယင်းအဖျားရောဂါကြောင့် နှာခေါင်းသွေးယိုခြင်း၊ ချောင်းဆိုးပါက သွေးပါခြင်းနှင့် ခန္ဓာကိုယ်အတွင်းပိုင်း ပူလောင်ခြင်း စသည့် ဝေဒနာခံစားနေရပြီး ယင်းဝေဒနာကြောင့် သြဂုတ်လ ၂၅ ရက်နေ့က ငါးနှစ်အရွယ် ကလေးတစ်ဦးနှင့် သြဂုတ်လ ၂၆ ရက်နေ့က ၆ နှစ်အရွယ် ကလေးတစ်ဦး စုစုပေါင်း ၂ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ဦးလော်တူးက ပြောဆိုသည်။

“အဲဒီရွာမှာက ဆေးဝါးလည်း မရှိဘူး။ ဆရာဝန်လည်း မရောက်နိုင်သေးဘူး။ ဆရာဝန်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်”ဟု ၎င်းက ဆိုသည်။

နာဂဒေသ ဒုံဟီးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် သြဂုတ်လ ၂၀ ရက်နေ့က ကလေးငယ်များနှင့် လူကြီးများတွင် ရုတ်တရက်ဖျားနာခြင်း၊ မျက်စိနီခြင်းနှင့် ချောင်းဆိုးခြင်းတို့ ဖြစ်ပွားလျက်ရှိသော်လည်း လူသေဆုံးမှုမရှိခဲ့ပေ။

R-20 

သတင်းအပြည့်အစုံကို သြဂုတ်လ ၂၉ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖတ်ရှုပါရန်။


  • VIA