News

POST TYPE

NEWS

ပြည်ပကုန်သွယ်မှုကန်ဒေါ်လာ သန်းတစ်သောင်းကျော်ရှိ
27-Aug-2018
ရန်ကုန်၊ ဩဂုတ် ၂၆

ယခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဩဂုတ်လ ၁၀ ရက်နေ့အထိ ပြည်ပနှင့်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃,ဝ၁၅ သန်းရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ယခုပမာဏသည် ယခင်ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် ပိုမိုကြောင်း အဆိုပါဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ 

အဆိုပါကုန်သွယ်မှုပမာဏတွင် ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၁,၁၂၃ သန်းအထိရှိပြီး ယခင်ကထက် ၈ ဒသမ ၄၇ ရာခိုင်နှုန်းအထိ ပိုမိုတိုးတက်လာကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိအချိန်တွင် ပြည်တွင်းမှ ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှုက ပိုမိုများပြားနေသည့်အတွက် ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်လျက်ရှိပြီး ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးအတွက် အစိုးရအနေနှင့် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ဩဂုတ်လ ၂၄ ရက်နေ့က ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၃,၅၃၇ သန်းကျော်ရှိပြီး ပို့ကုန်တင်ပို့မှုတွင် စက်မှုကုန်ချော ပစ္စည်းများကို အမေရိကန်ဒေါ်လာသန်း ခြောက်ထောင်ကျော်ဖြင့် အများဆုံးတင်ပို့နိုင်ခဲ့ပြီး ဒုတိယအများဆုံးမှာ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ကာ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်းသုံးထောင်အထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှသိရသည်။

J-01



  • VIA