POST TYPE
NEWS
ပဲခူးတွင် ရဲသုံးဦးကို လူတစ်စုက ဓားနှင့်ဝိုင်းခုတ်
21-Aug-2018
တောင်ငူ၊ ဩဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဥဿာမြို့သစ် ဗထူးလမ်းပေါ်ရှိ ဟိုတယ်တစ်ခုအနီးတွင် ဩဂုတ် ၂၁ ရက် နံနက် ၂ နာရီခန့်က KTV မှပြန်လာသည့် ရဲအရာရှိတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦးကို လူတစ်စုက ဓားနှင့် ဝိုင်းခုတ်မှု ဖြစ်ပွားခဲ့ကြောင်း အမှတ် ၃ နယ်မြေရဲစခန်းထံမှ သိရသည်။
ထို့ကြောင့် ၎င်းတို့ကို ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်ကုသနေပြီး စိုးရိမ်ဖွယ်မရှိကြောင်း၊ လတ်တလော ဓားနှင့်ခုတ်သွားသူများကို စုံစမ်းနေဆဲဖြစ်ကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။
အဆိုပါ တာဝန်ချိန်ပြင်ပ အရပ်ဝတ် ဝတ်စားထားသည့် ရဲသုံးဦးနှင့် လူစုတို့သည် KTV သို့မသွားမီ ဩဂုတ် ၂၀ ရက် ည ၁၁ နာရီခန့်က ဆိုင်ကယ်ချင်း ငြိရာမှ စကားများခဲ့ကြပြီးနောက် ဩဂုတ် ၂၁ ရက် နံနက် ၂ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များ ရွှေမင်းသား KTV မှ သီချင်းဆိုပြီးအပြန်တွင် ဗထူးလမ်းပေါ်ရှိ ဟိုတယ်တစ်ခုအနီး တွင် လူခုနစ်ဦးခန့်က ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်ခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်ကြီး ၃ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများထံမှ သိရသည်။
ဓားဖြင့်ဝိုင်းခုတ်ခံရသူ သုံးဦးအနက် ဒုရဲအုပ် အေးဝင်းသန်းနှင့် ရဲတပ်သား ပြည့်ဖြိုးအောင်တို့ကို အတွင်းလူနာအဖြစ် ကုသပေးနေရပြီး ရဲတပ်သား ထွန်းထွန်းဝင်းမှာ ပြင်ပလူနာအဖြစ် ကုသပေးထားရကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။
အမှုနှင့်ပတ်သက်ပြီး အမှတ် (၃) နယ်မြေရဲစခန်းက (ပ)၁၁၀၅/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆/ ၃၂၄ / ၃၂၃/ ၁၁၄ တို့အရ အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။
ဩဂုတ် ၁၆ ရက်နေ့က မကွေးတိုင်း မကွေးမြို့ရှိ MT KTV တွင် သောင်းကျန်းနေသည့် လူငယ်ငါးဦးကို သွားရောက်ထိန်းသိမ်းသည့် ရဲငါးဦးလည်း ပြန်လည်ထိုးကြိတ်ခြင်းကိုခံခဲ့ရ၍ မကွေးဆေးရုံကြီးသို့ တင်ပို့ခဲ့ရပြီး အရပ်ဝတ် ၁၅ ဦးခန့်က ရဲများကိုထိုးကြိတ်ရာတွင် ပါဝင်ခဲ့သည့် ဆန်းလင်းထွန်းကို သံတုတ်များဖြင့် ဝိုင်း ရိုက်သည့်အတွက် ၎င်းမှာလည်း မကွေးဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်။
R-15
- VIA
- Voice Admin
- SOURCES
- The Voice
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
15-Feb-2019