News

POST TYPE

NEWS

Hyundai ကားများ ဈေးလျှော့ရောင်းမည်
17-Aug-2018
ရန်ကုန်၊ ဩဂုတ် ၁၆

ကိုရီးယားနိုင်ငံထုတ် Hyundai ကားများကို မိုးရာသီအထူးပရိုမိုးရှင်းအဖြစ် ဈေးနှုန်းများ လျှော့ရောင်းမည်ဖြစ်ကြောင်း အဆိုပါကားများ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချနေသည့် International KLM ကုမ္ပဏီထံမှသိရသည်။

လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူမည့်သူများအတွက် မူရင်းဈေး အမေရိကန်ဒေါ်လာ ၁၉,၅၀၀ (ကျပ် ၂၉၇ သိန်းကျော်) ရှိသည့် Grand i10 ကားအမျိုးအစားကို တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ (ကျပ် ၁၈ သိန်းကျော်) နှင့် မူရင်းဈေး အမေရိကန်ဒေါ်လာ ၃၁,၈၀၀ (ကျပ်သိန်း ၄၈၀ ကျော်) ရှိ Creta ကားတစ်စီးလျှင် အမေရိကန်ဒေါ်လာ ၁၈၀၀ (ကျပ် ၂၇ သိန်းကျော်) လျှော့ရောင်းပေးမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်သည်။

ထို့ပြင် Hyundai ကားများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးရာတွင်လည်း အတိုးမယူဘဲ ကနဦးပေးသွင်းငွေ ကားတန်ဖိုး၏ ၄၀ ရာခိုင်နှုန်းပေးသွင်းကာ ၂ နှစ်အထိ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း Hyundai Myanmar ထံမှ သိရသည်။

S-04


  • VIA