News

POST TYPE

NEWS

တာချီလိတ်တွင် ကိုယ့်အိမ်ကိုယ် မီးပြန်ရှို့
29-Jul-2018
ကျိုင်းတုံ၊ ဇူလိုင် ၂၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ငှက်ပျောတောရွာတွင် ဇူလိုင် ၂၅ ရက်နေ့ ညပိုင်းက လူငယ်တစ်ဦးသည် မိမိနေအိမ်ကို မီးပြန်ရှို့ခဲ့ကြောင်း တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

“မီးရှို့တဲ့ကောင်လေးက မူးနေလားတော့ မသိဘူး။ ခြံဝင်းတံခါးဖွင့်ပေးဖို့ သူ့ပထွေးကိုပြောတာ မဖွင့်လို့ဆိုပြီး ဝင်းတံခါးကို ကန်ဖွင့်ဝင်လာတယ်။ သူ့ပထွေးက စကားမများချင်လို့ ရွာတံတားထိပ်ကို ထွက်သွားတော့ အိမ်မီးရှို့သွားတာ”ဟု ကျိုင်းတုံမြို့ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်တွင် ၁၀ ပေ ပတ်လည် သွပ်မိုး၊ ဝါးကာ၊ ဝါးခင်း တစ်ထပ်နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့၍ မီးရှို့ဖျက်ဆီးသည့် ဇာနည် (ခ) အားပီး (၂၄ နှစ်) ကို (ပ)၂၄၇/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၄၃၆ ဖြင့် အရေးယူထားကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။ 

R-16


  • VIA