News

POST TYPE

NEWS

ဗန်းမော်တွင် စွန့်လွှတ်မြေများကို မူလတောင်သူများထံ ပြန်ပေး
25-Jul-2018

ဗန်းမော်၊ ဇူလိုင် ၂၄ 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၊ နောင်လိုက်ကျေးရွာရှိ ဘုန်းတော်ကျောင်းတွင် ဇူလိုင် ၂၄ ရက်က စွန့်လွှတ်မြေများကို မူလတောင်သူများထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း ဗန်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးထံမှသိရသည်။ 

ဗန်းမော်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ အသုံးပြုရန်မလိုအပ်သဖြင့် ပြန်လည်စွန့်လွှတ်သောမြေများကို ဒေသခံတောင်သူ များထံ ယာယီ စိုက်ပျိုးလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၃) ဖြင့် ပေးအပ်ခဲ့ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်က ပြောသည်။ 

ပြန်လည်ပေးအပ်ခဲ့သော မြေများမှာ အမှတ် (၂၃၇) ခြေမြန်တပ်ရင်းမှစွန့် လွှတ်မြေ ၁၄၄၂ ဧကအနက် စွန့်လွှတ်ရန် ကျန်ရှိနေသော တောင်သူ ၅၀ ဦးအတွက် ၁၄၃ ဧကကိုလည်းကောင်း၊ ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခူးလီကျေးရွာရှိတောင်သူတစ်ဦးအတွက် ပြန်လည်စွန့်လွှတ်သည့်လယ်မြေ ၂၈ ဧကကိုလည်းကောင်း စုစုပေါင်း မူလတောင်သူ ၅၁ ဦး၏ လယ်ယာမြေ ၁၇၁ ဧကကို ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်ကပြောကြားသည်။ 

R-14