News

POST TYPE

NEWS

တောင်သာမြို့နယ် တရားဥပဒေ စိုးမိုးရေးနှင့် အဂတိလိုက်စားမှု ကင်းစင်ရေး ယနေ့ဆန္ဒထုတ်ဖော်မည်
မိတ္ထီလာ၊ ဇူလိုင် ၂၃

တောင်သာမြို့နယ် တရားဥပဒေ စိုးမိုးရေးနှင့် အဂတိလိုက်စားမှု ကင်းစင်ရေးအတွက် ကျေးရွာပေါင်း ၂၀ မှ ဒေသခံ အင်အား ၁၅၀၀ ခန့်သည် ဇူလိုင်လ ၂၄ ရက် (ယနေ့) နံနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်မည့် တောင်သာမြို့နယ် ဘုရားလှကျေးရွာမှ ရာအိမ်စုမှူး ဦးတင့်လွင်ဦးက ပြောကြားသည်။

“မြို့နယ် စီမံခန့်ခွဲမှု အဖွဲ့ဝင်တွေ ဘက်လိုက်ထားတဲ့ ဆုံးဖြတ်ချက်တွေ၊ အဂတိမကင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့် မြို့နယ် စီမံခန့်ခွဲမှုအဖွဲ့ကို ဦးတည်ပြီးပြမှာပါ”ဟု ၎င်းက ပြောဆိုသည်။

ဆန္ဒထုတ်ဖော်မှုကို တောင်သာမြို့ အဝင်ဆိုင်းဘုတ်မှ တောင်သာ-မြင်းခြံ ကားလမ်းအတိုင်း ဇဂျမ်းလမ်းမှတစ်ဆင့် မြစည်းခုံဘုရား ဈေးအနောက်ဘက်လမ်းကိုဖြတ်ကာ ဘူတာရုံရှေ့ စုဝေးခွင့်နေရာသို့ စီတန်းလှည့်လည်မည်ဖြစ်ကြောင်း၊ ကြွေးကြော်သံငါးခုဖြင့် ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်လှည့်လည်မည်ဖြစ်ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

ဟစ်တိုင်ကွင်း၌ ဘုရားလှ၊ ဆည်ကုန်း၊ နန်းမြင့်၊ အင်းတဲ၊ မြေဖြူကုန်း၊ ဖက်တော၊ ကန်သာယာမြောက်ကျေးရွာတို့မှ ကိုယ်စားလှယ် ခုနစ်ဦးက ဟောပြောမည်ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ 

R-01