News

POST TYPE

NEWS

တရုတ်အဖမ်းအဆီးများ၍ မူဆယ်ကုန်သွယ်မှုလျော့
19-Jul-2018
ရန်ကုန်၊ ဇူလိုင် ၁၈

တရုတ်အစိုးရက မြန်မာနိုင်ငံက တင်ပို့သည့် ကုန်ပစ္စည်းများကို ယခုရက်ပိုင်း၌ အဖမ်းအဆီးများပြားနေခြင်းကြောင့် မူဆယ် ၁၀၅ မိုင် ကုန်စည်ဈေးကွက်အတွင်း ကုန်သွယ်မှုလျော့ကျနေကြောင်း အဆိုပါ ဈေးကွက်အတွင်းရှိ ကုန်သည်များထံမှ သိရသည်။

ထို့ပြင် မူဆယ်ကုန်သည်များတွင် ငွေကြေးအခက်အခဲအချို့ ရှိနေသည့်အတွက် ကုန်သွယ်မှုကျဆင်းခြင်းကို ပိုမိုဖြစ်ပေါ်စေလျက်ရှိပြီး ကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့်လအတွင်းကထက် မူဆယ်မှ တရုတ်သို့ အဓိကတင်ပို့နေသည့် လယ်ယာထွက်ကုန်များဖြစ်သော ဆန်၊ ပြောင်း၊ ပဲ၊ နှမ်းနှင့် သစ်သီးဝလံတင်ပို့မှုများ ကျဆင်းနေခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှသိရသည်။

“ပမာဏ ဘယ်လောက်ကျလဲ ဆိုတာတော့ မှန်းရခက်တယ်။ သီးနှံတင်ပဲ အများကြီးဆိုတော့လေ”ဟု မူဆယ် ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးလှမောင်က ပြောဆိုသည်။

မူဆယ်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ကုန်ပစ္စည်းများကို တင်ပို့ရာတွင် မြန်မာနိုင်ငံဘက်က တရားဝင် တင်ပို့နေခြင်းဖြစ်သော်လည်း တရုတ်ဘက်က တရားမဝင်အဖြစ်သာ သတ်မှတ်ထားဆဲဖြစ်ပြီး အဖမ်းအဆီးများ မကြာခဏပြုလုပ်လေ့ရှိသည်။

ထိုသို့ တရုတ်ဘက်က တရားမဝင် ကုန်သွယ်မှုအဖြစ် သတ်မှတ်ထားခြင်းကို ဖြေလျှော့ပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့ ကြိုးပမ်းသော်လည်း ယခုအချိန်အထိ အောင်မြင်မှု မရရှိသေးပေ။

S-04


  • VIA