News

POST TYPE

NEWS

ရန်ကုန်မြို့ရှိ Orchid ဟိုတယ် ယခုနှစ်ကုန်ပိတ်မည်
15-Jul-2018 tagged as ဟိုတယ်

မန္တလေး၊ ဇူလိုင် ၁၅

ရန်ကုန်မြို့တော် ဗိုလ်တထောင် မြို့နယ်အတွင်း ဖွင့်လှစ်ထားသော Orchid ဟိုတယ်ကို ယခုနှစ်ကုန်ပိုင်းတွင်ပိတ် မည်ဟု ယင်းဟိုတယ်လုပ်ငန်းရှင် ဦးဌေး အောင်က ပြောကြားသည်။

“အခု Sanctions တွေလုပ်နေပါပြီ။ ဒါက တစ်ဦးတစ်ယောက်ချင်းနဲ့ စတုန်းပဲ ရှိပါသေးတယ်။ နောက်ထပ် Sanctions တွေ လာကောင်းလာနိုင်ပါတယ်။ အဲဒီအတွက် အနိုင်ပိုင်းထားတာပါ။ ကျွန်တော့်အမြင်နဲ့ ကျွန်တော်ဆုံးဖြတ်ပြီးပိတ်တာ”ဟု ၎င်းကပြောဆိုသည်။

ယင်းဟိုတယ်သို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်တည်း ခိုလျက်ရှိရာ ဧည့်သည်လက်ခံမှုကို ၂၀၁၉ ခုနှစ် ဧပြီလအထိ ကြိုတင်လက်ခံထားကြောင်း၊ ယင်းသို့လက်ခံထားသော်လည်း ဟိုတယ်အခန်း ကြိုတင်ငှားရမ်းထားသော ဧည်သည့်များကို Orchid ဟိုတယ်ထက် အဆင့်မြင့်သည့် ဟိုတယ်များထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဦးဌေးအောင်က ရှင်းပြသည်။

အခန်း ၄၀ ရှိသော Orchid ဟိုတယ်သည် ဗိုလ်တထောင်မြို့နယ် အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့်တွင်ရှိပြီး ၂၀၁၀ ပြည့်နှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ဝန်ထမ်း ၄၆ ဦးဖြင့် လုပ်ငန်းလည်ပတ်နေခြင်းဖြစ်ကြောင်း ယင်းဟိုတယ်ထံမှ သိရသည်။

ပုဂ္ဂလိကဟိုတယ်လုပ်ငန်းရှင် ဦးဌေးအောင်သည် လက်ရှိတွင် ပြင်ဦးလွင်မြို့မှ နန်းမြိုင်ဟိုတယ်ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ ဇူလိုင်လ ၁၄ ရက်နေ့က ပြန်လည်လွှဲအပ်ပြီး လက်ခုပ်ကုန်းဟိုတယ်ကိုလည်း ပြန်အပ်နိုင်ရန် ပြင်ဆင်နေသည်။

နန်းမြိုင်ဟိုတယ်ကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသို့ ပြန်လည် အပ်နှံထားပြီးဖြစ်သော်လည်း ယင်းဝန်ကြီးဌာနက ကျပ်သိန်း ၁၃,၀၀၀ ရလိုမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏ သီရိမြို့နယ်တရားရုံးတွင် ဦးဌေးအောင်ကို တရားစွဲဆိုထားသည်။ 

M-01