News

POST TYPE

NEWS

ဦးကိုကိုကြီးဦးဆောင်သော ပြည်သူ့ပါတီ၏ အလံအမှတ်တံဆိပ်အား ကန့်ကွက်နိုင်ရန် ကော်မရှင်ကြေညာ
ရန်ကုန်၊ ဇူလိုင် ၁၂

ဦးကိုကိုကြီးဦးဆောင်သော ပြည်သူ့ပါတီ၏ အလံနှင့် အမှတ်တံဆိပ်ကို အများပြည်သူ ကန့်ကွက်နိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁၂ ရက် ရက်စွဲဖြင့် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ကြေညာခဲ့သည်။

ယင်းပါတီ၏အလံမှာ အဝါရောင် အောက်ခံဖြင့် အလယ်တွင် အနီရောင် ရေပြင်ညီပါရှိပြီး ထိုလိုင်းပေါ်တွင် မီးရှူးတိုင်ကို လက်တစ်စုံက ကိုင်ဆောင်ထားသည့်ပုံစံနှင့် အမှတ်တံဆိပ်တွင်မူ ပြည်သူ့ပါတီစာတန်းပါဝင်ပြီး ကန့်ကွက်လိုသူများအနေနှင့် ၇ ရက်အတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်ရမည်ဖြစ်သည်။

“ကျွန်တော်တို့ကတော့ အကောင်းဘက်ကိုပဲ မျှော်လင့်ထားပါတယ်။ အရင်တစ်ခေါက်လို မဖြစ်လောက်ပါဘူးပေါ့နော်။ အဆင်ပြေလာမယ်လို့ပဲ မြင်ပါတယ်”ဟု အဆိုပါပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်လင်းကဆိုသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၂၆ ရက်တွင် ကော်မရှင်က ဦးကိုကိုကြီးဦးဆောင်သော နိုင်ငံရေးပါတီတစ်ရပ်ဖြစ်မြောက်ရေး ကော်မတီကို ပါတီတည်ထောင်ခွင့်ပြုခဲ့သည်။

ယင်းနောက် “ရှစ်လေးလုံးပါတီ”အမည်၊ ထိုမှ “ရှစ်လေးလုံးပြည်သူ့ပါတီ အမည်၊ ယခု “ပြည်သူ့ပါတီ ဟု အမည် ထပ်မံပြောင်းခဲ့သည်။

ဝေလင်း