News

POST TYPE

NEWS

KTV မှ ပြန်လာသည့် ဆေးတပ်ဗိုလ်တစ်ဦး ဓားဖြင့်ထိုးသတ်ခံရ
08-Jul-2018
တောင်ငူ၊ ဇူလိုင် ၇

ပဲခူးတိုင်း တောင်ငူမြို့နယ် အမှတ် ၁ ရပ်ကွက် ထီးလှိုင်လမ်းအနီးရှိ KTV တစ်ခုမှ ပြန်လာသည့် ဆေးတပ်ဗိုလ်တစ်ဦး ဇူလိုင် ၇ ရက်နေ့ နံနက် ၃ နာရီခန့်က ဓားဖြင့်ထိုးသတ်ခံခဲ့ရကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အမှတ် (၁) ရပ်ကွက် ထီးလှိုင်ရပ် အမေ့သားဟိုတယ်မှ ပြန်လာသည့် တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် အမှတ် ၅၈၁ ခြေလျင် တပ်ရင်းမှ တောင်ငူမြို့နယ် အမှတ် ၃၉ ခြေလျင်တပ်ရင်းသို့ ယာယီတာဝန်ဖြင့် ရောက်နေသူ ဆေးတပ်ဗိုလ် အာကာဖြိုး (ခ) အေးချမ်းကိုကို (၂၆ နှစ်) သည် ထီးလှိုင်ကွန်ကရစ်လမ်းအတိုင်း လမ်းလျှောက်ပြန်လာစဉ် ယင်းဟိုတယ် KTV ဝိတ်တာ ကိုဘိုဘိုမင်း (၂၄ နှစ်)၊ ကိုအောင်ကိုကို (၂၀ နှစ်) နှင့် ကိုသိန်းသန်းဝင်း (၂၂ နှစ်) တို့သုံးဦး နောက်မှလိုက်ပါလာပြီးနောက် ကိုဘိုဘိုမင်းက ဓားနှင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ငူမြို့နယ် အမှတ် (၂) နယ်မြေ ရဲစခန်းထံမှသိရသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ကိုဘိုဘိုမင်းအပါအဝင် အမျိုးသားသုံးဦးကို တောင်ငူမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းက (ပ) ၅၉၁/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း အဆိုပါ ရဲစခန်း ထံမှ သိရသည်။ 

R-15


  • VIA