POST TYPE
NEWS
ကမ္ဘာ့ဖလားသတင်းတင်ဆက်နေသည့် အမျိုးသားသတင်းထောက် အနမ်းခံရသည့်ကိစ္စကြောင့် တရုတ်ပြည်တွင် ငြင်းခုန်စရာဖြစ်
06-Jul-2018

ဘေဂျင်း၊ ဇူလိုင် ၅
ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်နေသော ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသတင်း ထုတ်လွှင့်တင်ဆက်နေသည့် တောင်ကိုရီးယားရုပ်သံတစ်ခုမှ အမျိုးသားသတင်းထောက်ကို အမျိုးသမီးဘောလုံးပရိသတ်တစ်ဦးက နမ်းခဲ့ခြင်းသည် လိင်ပိုင်းဆိုင်ရာ ထိကပါးယိကပါးပြုရာ ရောက်၊ မရောက် တရုတ်နိုင်ငံ၏ လူမှုကွန်ရက်အသုံးပြုသူများ အငြင်းအခုန်ဖြစ်လျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ဇွန်လ ၂၈ ရက်နေ့က ထွက်ပေါ်လာ သော ဗီဒီယိုဖိုင်တစ်ခုတွင် ကမ္ဘာ့ဖလားသတင်း တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေသည့် တောင်ကိုရီုးယားရုပ်သံသတင်းဌာန MBN မှ ရုပ်သံသတင်းထောက် ဂျုံဂွမ်ရောင်၏ပါးကို ရုရှားအမျိုးသမီးဘောလုံး ပရိသတ်တစ်ဦးက နမ်းခဲ့သည်ကိုတွေ့ရသည်။
သတင်းထောက် ဂျုံဂွမ်ရောင်သည် အနမ်းခံလိုက်ရသည့်ဖြစ်ရပ်ကို ရယ်ရယ်မောမောဖြင့် တုံ့ပြန်ခဲ့သော်လည်း ယင်းဖြစ်ရပ်ကြောင့် ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့ပုံရသည်။ နောက်ထပ် ရုရှားအမျိုးသမီး ပရိသတ်တစ်ဦးကလည်း ဂျုံဂွမ်ရောင်၏ပါးကို နမ်းခဲ့ပြန်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံ လူမှုကွန်ရက် Weibo တွင် ပျံ့နှံ့ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ ထိကပါးယိကပါးလုပ်ခြင်းဟု သတ်မှတ်ရန် သင့်၊ မသင့် အငြင်းအခုန်များ ဖြစ်လျက်ရှိသည်။ အဆိုပါဖြစ်ရပ် မပေါ်ပေါက်မီကလည်း ယင်းရုရှားကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအကြောင်း တင်ဆက်နေသည့် ဂျာမန်သတင်းဌာနတစ်ခုမှ အမျိုးသမီးရုပ်သံသတင်းထောက်တစ်ဦးကို အမျိုးသားဘောလုံးပရိသတ်တစ်ဦးက နမ်းခဲ့သည့်ဖြစ်ရပ် ပေါ်ပေါက်ခဲ့သည်။
“ဒါဟာ ယခင်ဂျမန်သတင်းဌာနက အမျိုးသမီးသတင်းထောက် အနမ်းခံရတဲ့ဖြစ်ရပ်နဲ့ ဆန့်ကျင်ဘက်ဖြစ်ရပ်မျိုးပါ” Weibo သုံးသူတစ်ဦးက ဆိုသည်။ သို့သော် Like ထောင်ပေါင်းများစွာရရှိခဲ့သည့် နောက်တစ်ဦး၏ သုံးသပ်ချက်က “ဒါဟာ လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှု ဘာကြောင့်မဖြစ်ရတာလဲ”ဟု ဆိုသည်။
“တကယ်လို့ ကြည့်ကောင်းရှုကောင်းဖြစ်တဲ့သူဖြစ်မှ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရတာရောက်တာလား၊ အဲလိုကြည့် ကောင်းရှုကောင်းတဲ့သူ မဟုတ်ရင်ရော လိင်ပိုင်းဆိုင်ရာ စော်ကားမှုမမြောက်တော့ ဘူးလား” Weibo သုံးသူတစ်ဦးက ထပ်မံသုံးသပ်သည်။
အမျိုးသားများနှင့် အမျိုးသမီးများအကြား တန်းတူအခွင့်အရေးရရှိရန် အခြားသော User များက တိုက်တွန်းကြသလို ကျား၊ မ တန်းတူရည်တူ မဖြစ်မှုလည်း ဆက်လက်တည်ရှိနေကြောင်း ထောက်ပြကြသည်။
အဆိုပါ သတင်းထောက်ကို အမျိုးသမီးပရိတ်သတ်များ နမ်းခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံတွင် အငြင်းအခုံဖြစ်လျက်ရှိသော်လည်း ယင်းကိစ္စကို တောင်ကိုရီးယားတွင် အထူးစိတ်ဝင်စားခြင်းမရှိကြပေ။
F-01
- VIA
- Voice Admin
- SOURCES
- The Voice
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021