News

POST TYPE

NEWS

ရန်ကုန်လေဆိပ် - ဆူးလေ တိုက်ရိုက်ခရီးစဉ် ယနေ့စပြေးဆွဲ
21-Jun-2018

ရန်ကုန်၊ ဇွန် ၂၁

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်-ဆူးလေ တိုက်ရိုက်ခရီးစဉ်ကို ယနေ့ (ဇွန်လ ၂၂ ရက်)မှ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း Omni Focus ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောကြားသည်။

Airport Shuttle Bus အမည်ဖြင့် အဆိုပါခရီးစဉ်ကို ယာဉ်စီးရေ ၅၀ ဖြင့် စတင်ပြေးဆွဲမည်ဖြစ်ပြီး ခရီးစဉ်အတွင်း ယာဉ်ရပ်မည့် မှတ်တိုင်များမှာ ရန်ကုန် လေဆိပ်- ၈ မိုင်- နဝဒေး - ကမ္ဘာအေးဘုရားလမ်း - လမ်းနီ (မြန်မာပလာဇာ) - ဟာမစ်တစ် - ရွှေဂုံတိုင် - ဗဟန်း(၃)လမ်း - ကျောက်တိုင်မှတ်တိုင် - ယောက်လမ်း - ဆူးလေ - ရန်ကုန်ဘူတာကြီးတို့ဖြစ်သည်။

“ယာဉ်စီးခကို ၅၀၀ လို့ သတ်မှတ်ထားတယ်။ မှတ်တိုင်တိုင်းကိုရပ်မှာ မဟုတ်တဲ့အတွက်။ ပုံမှန်ထက် ပိုမြန်မယ်။ မှတ်တိုင်က အသွားအပြန် ၁၉ ခုလောက်ပဲရပ်မှာပါ။ အဓိကကတော့ Luggage/Hand Carry တွေ ပါမယ်ဆိုတော့ ငါးရာပေးရတာ အဆင်ပြေမှာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါခရီးစဉ်သည် ပျမ်းမျှ ၂ နာရီ ၃၀ မိနစ်ခန့် ကြာမြင့်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ Terminal-1 မှ စတင် ထွက်ရှိမည်ဖြစ်ပြီး နံနက် ၅ နာရီမှစ၍ ည ၉ နာရီခွဲအထိ နောက်ဆုံးထွက်ရှိမည်ဖြစ်ကြောင်း ဦးထွန်းတောက်ဝင်းထံမှသိရသည်။

J-14