News

POST TYPE

NEWS

ရေကြောင်းဘတ်စ် ခရီးစဉ်သစ်နှစ်ခု ယနေ့ ပြေးဆွဲမည်
21-Jun-2018 tagged as ရန်ကုန် Water Bus


ရန်ကုန်၊ ဇွန် ၂၁

ရန်ကုန်မြစ်အတွင်း ဗိုလ်တထောင်-အင်းစိန် ပြေးဆွဲနေသော ရေကြောင်းဘတ်စ်သည် ယနေ့ (ဇွန်လ ၂၂) ရက်မှစ၍ ခရီးစဉ်သစ်နှစ်ခုကို ထပ်တိုး ပြေးဆွဲမည်ဖြစ်ကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီက သတင်းထုတ်ပြန်သည်။

အဆိုပါခရီးစဉ်သစ်နှစ်ခုမှာ ဒလမြို့နယ် သမ္မတကမ်းခြေဆိပ်ကမ်းမှ ဗိုလ်တထောင် ဆိပ်ကမ်းခရီးစဉ်နှင့် အံ့ကြီးဆိပ်ကမ်းမှ ပန်းဆိုးတန်းဆိပ်ကမ်းခရီးစဉ်တို့ဖြစ်ပြီး နေ့စဉ် ပြေးဆွဲမည်ဖြစ်သည်။

ဇွန်လ ၂၂ ခရီးစဉ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ယင်းခရီးစဉ်နှစ်ခုကို တစ်ရက်တာ အခမဲ့ ပြေးဆွဲပေးမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူက ပြောကြားသည်။

သမ္မတ ကမ်းခြေဆိပ်ကမ်းမှ ဗိုလ်တထောင်ဆိပ်ကမ်း ခရီးစဉ်နှင့် အံ့ကြီး ဆိပ်ကမ်းမှ ပန်းဆိုးတန်းဆိပ်ကမ်း ခရီးစဉ်ဈေးနှုန်းများမှာ ဆရာ၊ ဆရာမ ကျောင်းသား၊ ကျောင်းသူများအနေနှင့် ၂၀၀ ကျပ်ဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး ကျန်ပြည်သူများမှာ တစ်ဦးလျှင် ကျပ် ၃၀၀ ကျပ် ကောက်ခံမည်ဖြစ်ကြောင်း Yangon Water Bus ထံမှသိရသည်။

ယခုလ ၁၁ ရက်က ဗိုလ်တထောင်-ပန်းဆိုးတန်း-လမ်းသစ်-ဆာပါချောင် (ဒလ) ခရီးစဉ်အသစ်ကို ပြေးဆွဲခဲ့သည်။

J-10