News

POST TYPE

NEWS

ကုလလူ့အခွင့်အရေးကောင်စီမှ အမေရိကန်နုတ်ထွက်၊ သူတော်ကောင်းယောင်ဆောင်သည့် အဖွဲ့ဝင်များကြောင့်ဟု ဆို
20-Jun-2018



ဝါရှင်တန်၊ ဇွန် ၂၀

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာဖြင့်အရေးပါသော အဖွဲ့ကြီးတစ်ခုဖြစ်သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) မှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်ဟု အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေက အင်္ဂါနေ့ (ဇွန် ၁၉) ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာသည်။ 

မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စု နယ်စပ်ဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးမူဝါဒနှင့် ပတ်သက်၍ UNHRC က သမ္မတဒေါ်နယ်ထရမ့်အစိုးရကို ဝေဖန်ခဲ့ပြီးနောက်တစ်ရက်တွင် မစ္စနစ်ကီဟာလေက ကောင်စီမှ အမေရိကန်ပြည်ထောင်စု နုတ်ထွက်မည့်အကြောင်းကြေညာခြင်းလည်းဖြစ်သည်။ 

ယင်းသို့နုတ်ထွက်ရခြင်းမှာ လူ့အခွင့်အရေးကောင်စီ၏ အဖွဲ့ဝင်များသည် သူတော်ကောင်းယောင်ဆောင်ကြသလို ဆိုးဆိုးရွားရွားဘက်လိုက်ပြီး အစ္စရေးကို ဆန့်ကျင်နေခြင်းကြောင့်ဟု ဆိုသည်။ 

“လူ့အခွင့်အရေးကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်သူတွေကို အချိန်ကာလအတော်ကြာကြာ ကာကွယ်ပေးခဲ့တဲ့သူတစ်ယောက်လို ဖြစ်ခဲ့တာတွေ့ရတယ်၊ နိုင်ငံရေးဘက်လိုက်မှုတွေရဲ့ အရှုပ်ထုပ်ကြီးလိုလဲဖြစ်နေခဲ့တယ်”ဟု မစ္စနစ်ကီဟာလေက ပြင်းပြင်းထန်ထန်ဝေဖန်သည်။ 

“ဒီနေ့ဒီအခါမှာတော့ ကျွန်မတို့အနေနဲ့ ရိုးရိုးရှင်းရှင်းပဲပြောပါမယ်၊ လူ့အခွင့်အရေးကောင်စီဟာ လူ့အခွင့်အရေးတွေကို ကောင်းစွာကာကွယ်ပေးနိုင်တဲ့ အဖွဲ့မဟုတ်ပါဘူး”ဟု မှတ်ချက်ပေးသည်။

သို့သော် အမေရိကန်ပြည်ထောင်စုအနေနှင့် အဆိုပါလူ့အခွင့်အရေးကောင်စီတွင်း အပြောင်းအလဲများပြုလုပ်ခဲ့မည်ဆိုပါက ကောင်စီနှင့် ပြန်လည်ပူးပေါင်းမည့်သဘောမျိုး နစ်ကီဟာလေက ပွင့်ပွင့်လင်းလင်းပြောဆိုသွားသည်။ 

“ကျွန်မတို့ကတော့ နာမည်မှားပေးထားတဲ့ လူ့အခွင့်အရေးကောင်စီရဲ့ အပြင်ဘက်မှာပဲနေပြီး လူ့အခွင့်အရေးကိစ္စရပ်တွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ ကောင်စီပြုပြင်ပြောင်းလဲမှုတွေ လုပ်လာမယ်ဆိုရင်တော့ ကျွန်မတို့ ပြန်လည်ပူးပေါင်းမှာပါ” 

F-01

  • VIA