News

POST TYPE

NEWS

ကမ္ဘာ့ဖလားကာလ လုံခြုံရေး မကြုံစဖူး အထူးတင်းကျပ်သွားမယ့် ရုရှား


မော်စကို၊ ဇွန် ၁၄

ကာလီနင်ဂရက်မြို့ နှင့် အခြားကမ္ဘာ့ဖလားကျင်းပမည့် မြို့တော်များတွင် မကြုံစဖူး လုံခြုံရေးအင်အားများဖြင့် အနီးကပ် စောင့်ကြပ်ထားရှိမည်ဟု ရုရှားအာဏာကိုင်များ ကတိပြုခဲ့သည်ဟု BBC သတင်းဌာနတွင် ဖော်ပြသည်။ 

CCTV ကင်မရာပေါင်း ၇၀၀ ကျော်ကို ကြည့်ရှု့စစ်ဆေးရန် ဝန်ထမ်းများ ကွန်ပျူတာများရှေ့တွင်ထိုင်ကာ အချိန်မလပ်ကြည့်ရှုလျက်ရှိသည် ဟုသိရသည်။ နောက်ထပ် ကင်မရာ အလုံး ၁၂၀၀ ကိုလည်း ဇွန်လ ၂၈ ရက်နေ့ အင်္ဂလန်အသင်းနှင့် ဘယ်လ်ဂျီယမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ကာလီနင်ဂရက် ဘောလုံးကွင်းတွင် ထပ်မံတပ်ဆင်ခဲ့သည်။

နောက်ဆုံးပေါ် မျက်နှာစစ်ဆေးသည့် နည်းပညာဖြင့် တစ်ဦးချင်းစီကို ကင်မရာထဲတွင် တွေ့လိုက်ရုံဖြင့် ရဲဌာနချုပ်တွင် အဆိုပါ လူ၏ ကိုယ်ရေးအချက်အလက်ပေါ်မည့် နည်းစနစ်ကိုလည်း ထည့်သွင်းခဲ့သည်။

အလားတူ နည်းပညာသုံးသည့် လုံခြုံရေးကင်မရာများကို အခြားမြို့များတွင်လည်း တပ်ဆင်ထားသည်။

“အကြမ်းဖက်မှု ပပျောက်ရေးအနေနဲ့ အခုနည်းပညာက မသင်္ကာတဲ့သူတွေကို ရှာဖွေနိုင်မှာပါ” ဟု ကာလီနင်ဂရက်မြို့ မြို့တော်ဝန် ဆာဂီအက်ဗ်စတစ်ဂ်နီက ပြောခဲ့သည်။

မသမာသူ ဘယ်လိုပြုမူမလဲဆိုတာကို ဘယ်လိုအခြေနေပဲရောက်ရောက် ရဲတွေ ချက်ချင်းတုံ့ပြန်နိုင်ဖို့အတွက် အခုနည်းပညာက အထောက်အကူပြုပေးသွားမှာပါဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

သို့သော် လုံခြုံရေးကင်မရာများသည် ခုခံကာကွယ်ရေး ပထမအဆင့်သာဖြစ်သည်။

အကယ်၍ ကမ္ဘာ့ဖလား ကန်နေစဉ်အတွင်း အကြမ်းဖက်မှုဖြစ်ခဲ့လျှင် ဝင်ရောက်တိုက်ခိုက်နိုင်ရန် လုံခြုံရေးတပ်သားများကို ကာလီနင်ဂရက်မြို့တွင် လေ့ကျင့်နေကြသည်ဟု သိရသည်။

F-06