News

POST TYPE

NEWS

ထရမ့်နဲ့ ကင်ဂျုံအန် ထိပ်သီးဆွေးနွေးပွဲအပြီး ကိုရီးယားကျွန်းဆွယ်နျူကလီးယားဖြုတ်သိမ်းရေး သဘောတူညီချက် လက်မှတ်ထိုး


စင်ကာပူ၊ ဇွန် ၁၂ 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ဟာ ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားဖြုတ်သိမ်းရေးအတွက် လုပ်ဆောင်သွားကြမည့်အကြောင်း သဘောတူညီချက်တစ်ရပ်ကို သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲအပြီးမှာ လက်မှတ်ရေးထိုးလိုက်ကြပြီဖြစ်ပါတယ်။ 

သမ္မတထရမ့်နဲ့ ကင်ဂျုံအန်တို့ဟာ နိုင်ငံတကာမီဒီယာတွေရဲ့ ရှေ့မှောက်မှာ အဲဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတာပဲဖြစ်ပါတယ်။ 

ဝေဖန်ရေးဆရာတွေကတော့ ယခုရရှိလိုက်တဲ့ သဘောတူညီချက်မှာ ပိုမိုထူးခြားကောင်းမွန်တဲ့ ဆုံးဖြတ်ချက် သို့မဟုတ် ကတိကဝတ် တစ်စုံတရာမပါဝင်ဘူးလို့ ဆိုကြပါတယ်။ 

သတင်းဌာနတွေရဲ့ဖော်ပြချက်အရ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ အတိတ်ကကိစ္စတွေကို အတိတ်မှာပဲထားခဲ့တော့မယ်လို့ သန္နိဋ္ဌာန်ပြုပြောဆိုခဲ့ပြီး သမ္မတထရမ့်ကလည်း ကင်ဂျုံအန်းနှင့်ပြုလုပ်ရသော ထိပ်သီးဆွေးနွေးပွဲမှာ မျှော်လင့်ထားတာထက် ပိုမိုကောင်းမွန်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ 

ယခုထိပ်သီးဆွေးနွေးပွဲဟာ တာဝန်ထမ်းဆောင်ဆဲဖြစ်ကြတဲ့ အမေရိကန်သမ္မတတစ်ဦးနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးတို့ ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်သလို သမိုင်းတွင်သည့် ဆွေးနွေးပွဲလည်းဖြစ်တဲ့အတွက် ကမ္ဘာနိုင်ငံအသီးသီးမှ လူသန်းပေါင်းများစွာက စောင့်ကြည့်နေခဲ့ကြပါတယ်။ 

F-01