POST TYPE
NEWS
ထရမ့်နှင့် ကင်ဂျုံအန်တို့ ပထမဆုံးတွေ့ဆုံပြီ
12-Jun-2018

စင်ကာပူ၊ ဇွန် ၁၂
စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းရှိ Capella Hotel တွင်ကျင်းပပြုလုပ်သော အမေရိကန်-မြောက်ကိုရီးယား သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲ အခမ်းအနားစတင်ချိန်၌ သမ္မတဒေါ်နယ်ထရမ့်နှင့် ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းတို့ တွေ့ဆုံကာ ဦးစွာလက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။ ထိုသို့တွေ့ဆုံမှုသည် တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတနှင့် မြောကိုရီးယားခေါင်းဆောင်တို့ ပထမဆုံးတွေ့ဆုံမှုလည်းဖြစ်သည်။ အဆိုပါတွေ့ဆုံမှုကို နိုင်ငံတကာသတင်းမီဒီယာများက ခေါင်းကြီးသတင်းအဖြစ် အသိးသီးဖော်ပြခဲ့ကြသည်။ မီဒီယာများ၏ ဖော်ပြချက်အရ ထရမ့်နှင့် ကင်ဂျုံအန်တို့သည် ထိပ်သီးဆွေးနွေးပွဲတွင် နျူကလီးယားဖျက်သိမ်းရေး၊ ကိုရီးယားကျွန်းဆွယ်ဒေသ ငြိမ်းချမ်းရေးကြေညာချက်ထုတ်ပြန်နိုင်ရေး စသည်တို့ကို အလေးပေးဆွေးနွေးမည်ဟု ယုံကြည်ရသည်။ သမ္မတထရမ့်ကမူ ကင်ဂျုံအန်နှင့် ထူးခြားသောဆက်ဆံရေးကြီးတစ်ရပ် တည်ထောင်နိုင်လိမ့်မည်ဟုမျှော်လင့်ကြောင်းပြောဆိုထားသည်။
F-01
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
15-Feb-2019