News

POST TYPE

NEWS

ဥပဒေနှင့်မညီသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော် ထိုင်းနိုင်ငံမှ ပြန်ပို့ခံရ
10-Jun-2018

ရန်ကုန်၊ ဇွန် ၉

ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းလုပ်သား ဥပဒေနှင့်မညီညွတ်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၁၀ ဦးသည် ဇွန် ၈ ရက်က ပြန်လည်ရောက်ရှိလာကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

နေရပ်ပြန်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၁၀ ဦးသည် ဇွန်လ ၈ ရက်က မြဝတီအမှတ် (၄) ရပ်ကွက် ကျောက်လုံးကြီးလမ်းရှိ ရွှေ့ပြောင်းအလုပ်သမားရုံး အမှတ် (၁) ချစ်ကြည်ရေးတံတားမှ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။

နေရပ်ပြန်ပို့ခံရသည် ရွှေ့ပြောင်းလုပ်သားများထဲတွင် အမျိုးသား ၁၄၈ ဦး၊ အမျိုးသမီး ၆၂ ဦးပါဝင်ခဲ့သည်။

ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းလုပ်သား ဥပဒေသစ်တွင် တရားမဝင်လာရောက် လုပ်ကိုင်နေသည့် အလုပ်သမားများကို ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ဒဏ်ကြေးသတ်မှတ်ထားသည့်အပြင် နေရပ်ပြန်ပို့ခံရမည်ဟု သတ်မှတ်ထားသည်။

ထို့အပြင် ရွှေ့ပြောင်းလုပ်သားများ ထိုင်းဥပဒေနှင့်အညီ သက်ဆိုင်ရာစာရွက် စာတမ်းအထောက်အထားများနှင့် နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းစဉ် CI ထုတ်ပေး ရေးစခန်းများမှ ၂၀၁၇ ခုနှစ် မတ်လမှ စတင်ထုတ်ပေးခဲ့ရာတွင် CI စာအုပ် ၁၁ သိန်းခန့်ကို လက်ရှိအချိန်ထိ ထုတ်ပေးခဲ့ပြီးဖြစ်သည်။

J-18


  • VIA