News

POST TYPE

NEWS

အလုပ်ပြုတ်သွားသည့် မြန်မာလုပ်သားများကို ထိုင်း CP အလုပ်ခန့်
ရန်ကုန်၊ ဇွန် ၇

ထိုင်းနိုင်ငံ၏ အလုပ်သမား ဥပဒေနှင့်မညီ၍ ကွန်ပျူတာ စက်ရုံပိတ်သိမ်းလိုက်သည့်အတွက် အလုပ်လက်မဲ့ဖြစ်နေသော မြန်မာလုပ်သား ၅၀၀ ကို CP ကြက်သား စက်ရုံတွင် အလုပ်ခန့်အပ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိ ဦးစန်းမောင်ဦးက ပြောကြားသည်။

ချာချင်ဆောင်ခရိုင် ပင်(န်)ယောင်မြို့နယ် ဝေါစံမလွန်ရပ်ကွက်ရှိ ကွန်ပျူတာပစ္စည်း ပြန်လည် သန့်စင်စက်ရုံသည် ဓာတုဗေဒ အဆိပ်သင့်မှုနှင့် သဘာဝ ပတ်ဝန်းကျင်အား ညစ်ညမ်းမှုတို့ကြောင့် မေလ ၂၂ ရက်က ချိပ်ပိတ်ခံရခြင်းဖြစ်သည်။

“မနေ့က CP ကြက်သားစက်ရုံက တာဝန်ရှိသူတွေ မနေ့က အင်တာဗျူးလုပ်တယ်။ အလုပ်သမား ၅၀၀ ကို အလုပ်ခန့်တယ်။ ကျန်တဲ့အလုပ်သမားတွေကို တခြားစက်ရုံတွေမှာ အလုပ်ခန့်ဖို့ ဆက်လုပ်ဆောင်ရွက်နေတယ်”ဟု မြန်မာသံအရာရှိ ဦးစန်းမောင်ဦးကဆိုသည်။

အဆိုပါ အလုပ်သမား ၅၀၀ သည် ဇွန် ၉ ရက်တွင် CP ကြက်သားစက်ရုံတွင် ဝင်ရောက် လုပ်ကိုင်တော့မည်ဖြစ်ကြောင်းနှင့် ကျန်အလုပ်သမား ၂၀၀ ကို ပလတ်စတစ်စက်ရုံ၊ ကားအပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံ၊ ကြက်သား တုတ်ထိုးအခြာက်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းများသို့ အလုပ်သွင်းပေးမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ကွန်ပျူတာစက်ရုံသည် ၂၀၁၄ ခုနှစ်က စတင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အစိုးရထံ တင်ထားသည့်လိုင်စင်နှင့် လက်တွေ့ စက်ရုံတွင် လုပ်ကိုင်နေသည့်လုပ်ငန်း အမျိုးအစား ကွဲလွဲနေသောကြောင့် ထိုင်းအစိုးရက မေလ ၂၂ ရက်က ဝင်ရောက်စစ်ဆေး၍ ပိတ်သိမ်းခံထားရခြင်းဖြစ်သည်။

J-18