News

POST TYPE

NEWS

ဝန်ကြီးချုပ်ဟောင်းဦးနု ပြခန်း ယနေ့ ဖွင့်မည်

ရန်ကုန်၊ မေ ၂၄

မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဦးနု အသုံးပြုခဲ့သော အသုံးအဆောင်ပစ္စည်းများနှင့် သမိုင်းဝင်ပုံများကို ၎င်းနေထိုင်ခဲ့သည့်နေအိမ်တွင် ပြခန်းဖွင့်၍ မေလ ၂၅ ရက်တွင် ပြသမည်ဖြစ်ကြောင်း သမီးကြီးဖြစ်သူ ဒေါ်စန်းစန်းနုက ပြောကြားသည်။

“ကျွန်မငယ်ငယ်က နိုင်ငံတကာ လေ့လာရေး ခရီးစဉ်တွေ သွားခဲ့တယ်၊ ဝါရှင်တန်ကပြတိုက်ကို အရမ်းကြိုက်တယ်။ အဲဒါကြောင့် အခု ဖေဖေ မရှိတော့တဲ့အချိန်မှာ ဖေဖေ ဘယ်လိုနေထိုင်ခဲ့သလဲပေါ့။ အဲဒါတွေကို အများပြည်သူ အကျိုးရှိအောင် ဖွင့်လှစ်တာပါ”ဟု ၎င်းကဆိုသည်။

ပြခန်းဖွင့်မည့် ဦးနု၏အိမ်တွင် ဘုရားခန်း၊ အိပ်ခန်း၊ ထမင်းစားခန်း၊ စာကြည့်ခန်း အပါအဝင် အဝတ်အစား၊ အသုံးအဆောင် ပစ္စည်းများနှင့် နိုင်ငံရေး လှုပ်ရှားမှုဓာတ်ပုံများ၊ သမိုင်းဝင် ဓာတ်ပုံမှတ်တမ်းများ၊ နိုင်ငံရေးခေါင်းဆောင်များ သွားရောက်ခဲ့သည့် ခရီးစဉ်မှတ်တမ်းများကို ထားရှိမည်ဖြစ်သည်။

ပြခန်းကို ဗဟန်းမြို့နယ် ဆရာစံလမ်းမကြီး၊ ပြည်ထောင်စုလမ်းရှိ ခြံအမှတ် ၄၂ တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက်၌ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ အခမဲ့ ဖွင့်လှစ်မည်ဖြစ်သော်လည်း ပြခန်းသို့လာမည့်နေ့အတွက် ဖုန်းနံပါတ် ဝ၉၂၅၀၂၈၈၂၉၃ သို့ ကြိုတင် ဆက်သွယ်ရမည်ဖြစ်သည်။

ဒေါ်စန်းစန်းနုသည် ကျန်းမာရေး အခြေအနေနှင့် လုံခြုံရေး အခြေအနေကြောင့် လာရောက်လေ့လာမည့် အသင်းအဖွဲ့ အဖွဲ့အစည်း၊ လူအမည်နေရပ်တို့ကို ကြိုတင်၍ တယ်လီဖုန်းဖြင့် အကြောင်းကြားစေခြင်းဖြစ်ကြောင်း ဒေါ်စန်းစန်းနုက ရှင်းပြသည်။

ဦးနုသည် မြန်မာ့လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာပြီး ၁၉၉၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

J-18