News

POST TYPE

NEWS

တက္ကသိုလ်ဆရာများအတွက် ဝန်ထမ်းအိမ်ရာ ၁၀၀ ကျော်ဆောက်လုပ်မည်
24-May-2018

ရန်ကုန်၊ မေ ၂၃

ယခုနှစ်တွင် တက္ကသိုလ်ဆရာ၊ ဆရာမများအတွက် ဝန်ထမ်းအိမ်ရာ ၁၀၀ ကျော် ဆောက်လုပ်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။

ဧပြီလမှ စက်တင်ဘာလအထိ ကြားကာလဘတ်ဂျက် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဝန်ထမ်းအိမ်ရာ အဓိကလိုအပ်နေသည့် တက္ကသိုလ်များကို ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တက္ကသိုလ်များအနေနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် တင်ဒါခေါ်ယူလျက်ရှိသည်။ ဝန်ထမ်းအိမ်ရာဆောက်လုပ်မှုတွင် လေးခန်းတွဲ လေးထပ်ဆောက်ရန် တင်ဒါခေါ်ယူမှုများသည်ကို တွေ့ရှိရသည်။

ပခုက္ကူတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများအနေနှင့် ဝန်ထမ်းအိမ်ရာ မလုံလောက်မှုကြောင့် ပြီးခဲ့သည့်နှစ်တွင် ဝန်ထမ်းအိမ်ရာလျှောက်ထားခဲ့ရာ ယခု ၆ လ ဘတ်ဂျက်အတွင်း တစ်ထပ်လျှင် အခန်း ၄ ခန်းနှင့် အထပ် ၄ ထပ်ပါရှိသော အဆောင်တစ်ခု ဆောက်လုပ်ခွင့်ရရှိကြောင်း ယင်းသမဂ္ဂထံမှသိရသည်။ 

ပခုက္ကူတက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာပိုက်ထွေးက “ဒီဟာ (၄ ခန်းတွဲ လေးထပ်ဆောင်) ရတာ အဆင်ပြေပါတယ်။ လက်ရှိနေနေတဲ့ ဧရာဆောင်အပြင် နောက်ထပ် ၁၆ ခန်းလောက် ရမှာဆိုတော့ မဆိုးဘူးလို့ ပြောရမှာပေါ့”ဟု ပြောကြားသည်။

ဝန်ထမ်းအိမ်ရာများနှင့် စာသင်ဆောင်များအတွက် ဆောက်လုပ်ရေးလုပ်ငန်း အားလုံးကို တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များသို့ လွှဲပြောင်းပြီးဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရှိရသည်။ 

J-19

  • VIA