News

POST TYPE

NEWS

သေနတ်သမားအန္တရာယ်မှကာကွယ်ရန် ဆရာ၊ ဆရာမများကို သေနတ်ကိုင်ခွင့်ပေးရန် တက္ကဆက်အုပ်ချုပ်ရေးမှူး တိုက်တွန်း


တက္ကဆက်၊ မေ ၂၁ 

ဆရာ၊ ဆရာမများကို သေနတ်ကိုင်ဆောင်ခွင့်ပေးခြင်းက ကျောင်းသားကျောင်းသူများကို ပစ်မှတ်ထားတိုက်ခိုက်သည့် သေနတ်သမားများအန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အစိုးရအရာ ရှိတစ်ဦးကပြောကြားသည်။ 

တက္ကဆက်ပြည်နယ် စန်တာဖီးမြို့ အထက်တန်းကျောင်း၌ အသက် ၁၇ နှစ် အရွယ်ကျောင်းသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ရာ လူ ၁၀ ဦးသေဆုံးမှုကာ ၁၂ ဦး ထက်မနည်း ဒဏ်ရာရရှိသွားပြီးနောက် တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဒန်ပက်ထရစ်ကပြောကြားသည်။ 

ဒန်ပက်ထရစ်က စာသင်ကျောင်းများတွင် ဝင်ပေါက်များနှင့် ထွက်ပေါက်များ အလွန်အမင်း များပြားနေသည့်ကိစ္စကိုလည်း အလေးအနက်ထားပြန်လည်စဉ်းစားရတော့မည်ဖြစ်သည်ဟု ပြောဆိုထားသည်။ 

ဆရာ၊ ဆရာမများကို သေနတ်ကိုင်ဆောင်ခွင့်ပြုရန် အဆိုပြုမှုသည် စိတ်ကူးအိုင်ဒီယာအသစ် မဟုတ်ပေ။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ဖလော်ရီဒါပြည်နယ် သေနတ်ပစ်ခတ်မှုကြီး ပေါ်ပေါက်ခဲ့ပြီးနောက် အမေရိ ကန်သမ္မတဒေါ်နယ်ထရမ့်က အလားတူပင် ဆရာ၊ ဆရာမများကို သေနတ်ကိုင်ဆောင်ခွင့်ပြုရန် အကြံပြုပြောဆိုခဲ့ဖူးသည်။ သို့သော် ဆရာ၊ ဆရာများအနက် စစ်ရေး အတွေ့အကြုံ သို့မဟုတ် စစ်ဘက်ဆိုင်ရာ အထူးသင်တန်းတက်ရောက်ဖူးသူ ဆရာ၊ ဆရာမ ၂၀ ရာခိုင်နှုန်းကိုသာ သေနတ်ကိုင်ဆောင်ခွင့်ပြုသင့်သည်ဟု ထရမ့်ကဆိုခဲ့သည်။ 

ရီပတ်ဘလစ်ကန်တစ်ဦးလည်းဖြစ်သူ ဒန်ပက်ထရစ်က သေနတ်သမားကို ရပ်တန့်အောင် လုပ်နိုင်သည့်အရာမှာ သေနတ်ပင်ဖြစ်သည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း တက္ကဆက်ပြည်နယ် စန်တာဖီးမြို့ အထက်တန်းကျောင်း သေနတ်ပစ်ခတ်မှုမှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသားတစ်ဦးက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်ရပ်သည် အမေရိကန်ပြည်ထောင်စုတစ်လွှား လတ်တလောကာလများအတွင်း ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်ရပ်တစ်ခုဖြစ်ခဲ့သည်။

F-01