News

POST TYPE

NEWS

အမ်းတွင် ဘင်္ဂါလီ ၂၅ ဦးဖမ်းမိ
17-May-2018


စစ်တွေ၊ မေ ၁၇

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇူးကိုင်း ကျေးရွာအုပ်စု ရှောက်ခြုံကျေးရွာအနီး တောထဲတွင် မေလ ၁၇ ရက် မနက်ပိုင်းက ဘင်္ဂါလီ ၂၅ ဦးကိုဖမ်းမိကြောင်း အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောသည်။

တောထဲတွင် ပုန်းအောင်းနေသော ဘင်္ဂါလီများကို ဒေသခံများက တာဝန်ရှိသူများကို သတင်းပေးပို့သဖြင့် ဒေသခံနှင့် မြို့နယ်တာဝန်ရှိသူတို့ ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းမိသူများတွင် ယောက်ျားလေး ၂၂ ဦး၊မိန်းကလေး ၃ ဦး ပါဝင်ပြီး ကျောက်တောမြို့ အထက်ပိုက်သယ်၊ အောက်ပိုက်သယ် အပါအဝင် ရွာ ၈ ရွာတွင် နေထိုင်သူများဖြစ်ကြောင်း အမ်းမြို့နယ် လဝက ဒုတိယဦးစီးမှူး ဦးတင်မင်းလတ်က ပြောသည်။ 

ဖမ်းမိသူများမှာ အသက် ၁၁ နှစ်အရွယ်မှ ၃၅ နှစ်အရွယ်အထိပါဝင်ပြီး ဖမ်းဆီးထားသူများကို အမ်းမြို့မရဲစခန်းတွင် ထားရှိပြီး အမှုဖွင့် အရေးယူမည်ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမ်းမြို့မ ရဲစခန်းအား ဆက်သွယ်မေးမြန်းသော်လည်း လက်ခံ ဖြေကြားခြင်း မရှိပေ။

R-22