News

POST TYPE

NEWS

မန္တလေးမြို့တွင်း နိုင်ငံတကာ အဆင့်မီ စားသောက်ဆိုင်တန်းများ ဖွင့်ရန်စီစဉ်
မန္တလေး၊ မေ ၁၆

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက မြို့တွင်းနေရာအချို့တွင် Food Court (နိုင်ငံတကာအဆင့်မီစားသောက်ဆိုင်တန်း) များ ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီး ယင်းလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ရန် စိတ်ဝင်စားသူများကို ဖိတ်ခေါ်ထားကြောင်း ယင်းကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

“တာဝနခံပြီ်း စီမံဆောင်ရွက်ပေးမယ့်လူလိုတယ်။ Management (စီမံခန့်ခွဲမှု) တက်ဖို့တော့ လိုတယ်။ လူငယ်တွေ လုပ်မယ်ဆိုကြိုဆိုတယ်”ဟု ၎င်းကပြောဆိုသည်။

ဈေးဆိုင်တွေ အားလုံးကို စီမံအုပ်ချုပ်ကာ ရောင်းချနိုင်ရန်၊ လုပ်ငန်းလည်ပတ်နိုင်ရန်နှင့် စည်းကမ်းတကျ ဖြစ်စေရန် လုပ်ဆောင်ပေးသည့် စိတ်ဝင်စားသောသူများကို ကော်မတီနှင့် တွေ့ဆုံဆွေးနွေးနိုင်သည်ဟု ယင်းကော်မတီက ဖိတ်ခေါ်ထားသည်။

အဆိုပါ စားသောက်ဆိုင်တန်းများတွင် ဈေးနှုန်းသက်သာ၍ နိုင်ငံတကာကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသုံးနိုင်သောနေရာများဖြစ်အောင် စီစဉ်ပေးမည်ဖြစ်ကြောင်း ဦးကျော်ဆန်းမြင့်က ထပ်လောင်း ပြောဆိုသည်။

“နေရာပေးမယ်။ လိုအပ်မယ်ဆိုရင် အဆောက်အအုံ ဆောက်ပေးဖို့တောင် စိတ်ကူးထားတယ်။ သိပ်တောင် အရင်းအနှီးများများ လိုအပ်မယ် မထင်ဘူး”ဟု ၎င်းကရှင်းပြသည်။

အကြမ်းအားဖြင့် ရွေးချယ်ထားသော နေရာများမှာ ၇၉ လမ်း၊ ၃၁ လမ်းနှင့် ၃၄ လမ်းကြား၊ နိုင်ငံခြားသား အသွားအလာများသော ကုသိုလ်တော်ဘုရား အနီးတစ်ဝိုက်နှင့် ကျောင်းသူကျောင်းသားများ ဈေးသက်သာစွာ စားသုံးနိုင်ရန် တက္ကသိုလ်အနီးတစ်ဝိုက်တွင် Food Court စားသောက်ဆိုင်တန်းများ ဖော်ဆောင်နိုင်ရန် မြို့တော်စည်ပင်သာယာရေး ကော်မတီက မြေနေရာများ ရှာဖွေနေပြီဖြစ်သည်။

M-08