News

POST TYPE

NEWS

နျူစာချုပ်မှ အမေရိကန်နုတ်ထွက်ပြီးနောက် ကျန်စာချုပ်ဝင်နိုင်ငံများသို့ အီရန်နိုင်ငံခြားရေးဝန်ကြီး သွားရောက်ညှိနှိုင်း
16-May-2018

ဘေဂျင်း၊ မေ ၁၅

အီရန်နျူကလီးယားစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်မှ အမေရိကန်နုတ်ထွက်သွားပြီးနောက် ကျန်စာချုပ်ဝင်နိုင်ငံကြီးများသို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗတ်ဇာရိဖ် သွားရောက်ညှိနှိုင်းလျက်ရှိကြောင်း BBC သတင်းက ဖော်ပြသည်။

ဇာရိဖ်သည် ပထမဆုံးတရုတ်သို့ သွားရောက်ခဲ့ပြီး စာချုပ်အတွက် ရှင်းလင်းသောအနာဂတ်ပုံစံ အာမခံချက်ရရေး ကြိုးပမ်းခဲ့သည်။ 

အမေရိကန်သည် အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်သွားမည်ဖြစ်ပြီး အီရန်နှင့် စီးပွားဆက်ဆံသော ပြည်ပနိုင်ငံများမှာ ကုမ္ပဏီများပါ ထိခိုက်နစ်နာမည်ဖြစ်ရာ ပြင်သစ်ကဲ့သို့သော စာချုပ်ဝင်နိုင်ငံများနှင့် မကျေမလည်ဖြစ်ခဲ့ရသည်။

အီရန်သမ္မတဟာဆန်ရိုဟာနီကမူကျန်ရှိသည့် စာချုပ်ဝင် ငါးနိုင်ငံသာစာချုပ်ကို ဆက်လိုက်နာပါက မိမိတို့လည်း ဆက်လက်လိုက်နာနိုင်မည်ဟု ပြောကြားထားသည်။

၂၀၁၅ ခုနှစ်တွင် အီရန်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင် ငါးနိုင်ငံ + ၁ (အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ရုရှား၊ တရုတ် + ဂျာမနီ) တို့ ချုပ်ဆိုခဲ့သောစာချုပ်အရ အီရန်က နျူကလီးယားစီမံကိန်းကို လက်နက်ထုတ်လုပ်ရေးအတွက် ဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲ စွမ်းအင်အတွက်သာ ဆောင်ရွက်မှုကို နိုင်ငံတကာစောင့်ကြည့်မှုဖြင့် လုပ်ဆောင်ရန် ကတိပြုခဲ့သည်။ အပြန်အလှန်အနေနှင့် အမေရိကန်၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂတို့က အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ဖျက်သိမ်းပေးရန် သဘောတူခဲ့သည်။ သို့သော်လည်း ဒေါ်နယ်ထရမ့်လက်ထက်တွင် အမေရိကန်ကစာချုပ်မှ နုတ်ထွက်လိုက်ရာ အခြေအနေများ ရှုပ်ထွေးကုန်ခြင်းဖြစ်သည်။

F-03