News

POST TYPE

NEWS

မန္တလေး-မြစ်ကြီးနား ရထားလမ်း၌ မိုင်းခွဲခံရ
16-May-2018


မြစ်ကြီးနား၊ မေ ၁၆

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ ထိုပူးဘူတာနှင့် မိုးကောင်းဘူတာကြားတွင် တစ်နေရာ၊ နမ္မတီးဘူတာနှင့် မရမ်းဘူတာကြားတွင် တစ်နေရာ စုစုပေါင်းရထားသံလမ်းနှစ်နေရာတွင် မေလ ၁၅ ရက် ည ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မိုးကောင်းနယ်မြေရဲစခန်းထံမှ သိရသည်။ 

အဆိုပါဖြစ်ရပ်ကြောင့် မိုင်းရှင်းရထားတွဲချော်ခဲ့ကာ ရထားသံလမ်း၊ ဇလီဖားတုံးနှင့် ရထားတွဲများ ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

R-06