News

POST TYPE

NEWS

ရွှေတိဂုံစေတီတော် ရာဟုထောင့်တွင် အမျိုးသားတစ်ဦး ကိုယ့်လည်ပင်းကို ဓားဖြင့်လှီး
27-Apr-2018 tagged as

ရန်ကုန်၊ ဧပြီ ၂၇

ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်တွင် ဧပြီလ ၂၇ ရက် နံနက် ၉ နာရီဝန်းကျင်က ရာဟုထောင့်ရှိ ဂြိုဟ်တိုင်အနီးတွင် အမျိုးသားတစ်ဦး ကိုယ့်လည်ပင်းကို ဓားဖြင့်လှီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မိမိလည်ပင်းကို ဓါးဖြင့် လှီးသူမှာ အသက် ၄၈ နှစ် ခင်မောင်ဇင်ဖြစ်ပြီး ရှမ်းပြည်(တောင်ပိုင်း)ရွာငံမြို့နယ်အတွင်းရှိ နပန်းကြီးကျေးရွာတွင် နေထိုင်သူဖြစ်ကာ ဧပြီလ ၂၆ ရက် ညနေပိုင်းက ခရီးသည်တင်ယာဉ်တစ်စီးဖြင့် ရန်ကုန်သို့ လာရောက်ခဲ့ပြီး ရွှေတိဂုံစေတီတော်ရှိ ရာဟုထောင့်တွင် သတ္တဝါများအတွက် ၎င်း၏ အသက်ကို ပေးလှူမည်ဟုဆို၍ ကြက်သွန်လှီးဓားဖြင့် မိမိလည်ပင်းကို လှီးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

"ဒီလူ့မှာ မိသားစုရှိတယ် ဒါပေမဲ့ သူက တစ်ယောက်ထဲ သီးသန့်ခွဲနေတာလို့ သိရတယ်။ ကြက်သွန်လှီးဓားနဲ့ ကိုယ့်လည်ပင်းကို လှီးတာ သုံးလက်မလောက် ပြတ်ရှဒဏ်ရာရသွားတယ်။ ဘာလို့ အခုလို လုပ်ရတာလဲ မေးကြည့်တော့ သတ္တဝါများအတွက် အသက်ပေးလှူတာလို့ ပြောတယ်။ ဒဏ်ရာအခြေအနေက သိပ်မစိုးရိမ်ရဘူး"ဟု ရဲအရာရှိက ပြောသည်။

အဆိုပါ အမျိုးသားကို ဘုရားလုံခြုံရေးအဖွဲ့က ဆေးရုံသို့ တင်ပို့ပေးခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

S-03

  • TAGS