News

POST TYPE

NEWS

ဗန်းမော်တွင် ရိုးရာ ရွာရှင်ပူဇော်ပွဲပြုလုပ်
27-Apr-2018 tagged as



ဗန်းမော်၊ ဧပြီ ၂၇ ရက်

ဗန်းမော်မြို့၏ အနောက်ဖက်ခြမ်းရှိ တိန်းသော်ကျေးရွာတွင် ရွာလုံးကျွတ် ရိုးရာ ရွာရှင်ပူဇော်ပွဲကို ယနေ့နံနက်က ပြုလုပ်ခဲ့သည်။

အဆိုပါပွဲကို နှစ်စဉ်အစဉ်အလာမပျက်ပြုလုပ်ခဲ့ပြီး တစ်အိမ်ထောင်လျှင် ဆန်နို့ဆီဗူး ၄ ဗူးနှင့် ငွေတစ်ထောင်ကျပ်ထည့်ဝင်ရကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဦးကပြောသည်။ 

ပွဲရက်မတိုင်ခင်ဧပြီလ ၂၅ ရက်နေ့ကတည်းကပင် ရွာမှအပြင်ထွက်သူမရှိစေရ ၊ ရွာသို့ရောက်လာသောဧည့် သည်များကလည်း ပွဲပြီးမှပြန်ရမည်ဖြစ်ကာ အကယ်၍အရေးကြီးပြီး မပြန်မနေရကိစ္စပေါ်ပေါက်ပါက ရပ်မိရပ်ဖလူကြီးများ၏ခွင့်ပြု ချက်ရမှပြန်နိုင်သည် ဟု ၎င်းကရှင်းပြသည်။

ယင်းကဲ့သို့ ပူဇော်ပွဲပျက်ကွက်လျှင် ကျေးရွာ၌ အနာရောဂါထူခြင်း ၊ သဘာဝအတိုင်းမဟုတ်ဘဲ အသေအပျောက်ဖြစ်ခြင်း ၊ ကျေးရွာခေါင်းဆောင်များ ဆုံးပါးသည်အထိဖြစ်ခြင်း ၊ မြွေဆိုးအန္တရာယ်များ ကျရောက်ခြင်းတို့ဖြစ်တတ်သည်ဟု ယုံကြည်ကြကြောင်း၊ ရှေးလူကြီးသူမတို့၏ အစဉ်အလာကို ကျေးရွာစတည်စဉ် ကတည်းက ကျင်းပခဲ့ကြသည်ဟုဆိုသည်။

ရွာရှင်ပူဇော်ပွဲကို ရွာ၏အောက်ပိုင်းတွင်တည်ရှိသော လေးခန်းပတ်လည် နတ်စင်အိမ်ကြီးတွင် ပြုလုပ်ရပြီး ပူဇော်ပွဲပြီး၍ နတ်စင်ပိတ်ပြီးပါက ရပ်မိရပ်ဖမသိဘဲ မည်သူမျှဝင်ရောက်ခြင်းမပြုရတော့ပါ အကယ်၍ဝင်ရောက်သည်ကိုတွေ့ရှိပါက အပြစ်ပေးဒဏ်ရိုက်ခြင်း ကန်တော့ပွဲဖြင့် တောင်းပန်ခြင်းတို့ပြုလုပ်ရကြောင်း ဒေသခံတို့ထံမှစုံစမ်းသိရှိရသည်။

R-14

  • TAGS