News

POST TYPE

NEWS

ရိုးမ​​တာင်​​ပေါ်တွင်​ သစ်ခုတ်ရာမှ လူသတ်​မှုဖြစ်
20-Apr-2018

တောင်​ငူ၊ ဧပြီ ၂၀

ပဲခူးတိုင်း​ဒေသကြီး ဖြူးမြို့နယ်​ အ​နောက်​ဘက်​ ပဲခူးရိုးမ​တောင်​​ပေါ် ခဲတစ်ပစ်​​မြောင်​​ဒေသတွင်​ ဧပြီလ ၁၉ ရက်​​ နံနက် ၆ နာရီခန် က ​​သစ်ခုတ်သည့်ကိစ္စနှင့်​ပတ်သက်ပြီး စကားများရန်​ဖြစ်​ရာမှ အမျိုးသားတစ်​ဦး တုတ်နှင့်ရိုက်သတ်ခံခဲ့ရသည်ဟု ​​​​​ဖြူးမြို့မရဲစခန်း​ထံမှ စုံစမ်းသိရှိရသည်​။

"သစ်​ခုတ်​တဲ့ကိစ္စနဲ့ စကားများရာက လူသတ်​မှုဖြစ်​ပွားခဲ့တာပါ။ ပြစ်​မှုကျုးလွန်​သူကိုလည်း အခင်းဖြစ်​တဲ့​နေ့ ည ၁၁ နာရီ​လောက်​မှာ ဖမ်းဆီးရမိခဲ့ပါတယ်​"ဟု ဖြူးမြို့မရဲစခန်းမှ ရဲအရာရှိတစ်​ဦးက ​ပြောကြားသည်​။

အဆိုပါ​နေ့ နံနက်​ ၆ နာရီခန့်​က ဖြူးမြို့နယ် မင်းဂံရိုး ​​ကျေးရွာအုပ်​စု ပဲခူးရိုးမခဲတစ်ပ​စ်​​မြောင်​ရပ်​​နေ ဦးရဲထွန်း (၄၀ နှစ်​) သည်​ တစ်​ရပ်​ထဲ​နေသူတစ်​ဦး၏ ​နေအိမ်​သို့​ရောက်​ရှိချိန်​ ပဲခူးရိုးမ​ပေါ်တွင်​ သစ်​ခုတ်​ထားသည့်ကိစ္စနှင့်ပတ်သက်​ပြီး ဦးဘိုဘို (၁၉ နှစ်​)၊ ဦး​​ဝေဋ္ဌု (၂၀ နှစ်​) တို့နှင့် စကားများခဲ့ရာမှ ဦးဝေဋ္ဌုလုက ဦးရဲထွန်း တုတ်ဖြင့်ရိုက်၍ ဦး​ခေါင်းဒဏ်​ရာများဖြင့်​ဖြူး​ဆေးရုံသို့ တက်​​ရောက်​ကုသစဉ်​ ​သေဆုံးခဲ့ခြင်းဖြစ်​သည်​ဟု ဖြူးမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်​။

အမှုနှင့်​ပတ်​သက်​ပြီး ဦး​ဝေဌုကို ဖြူးမြို့မရဲစခန်းမှ(ပ) ၂၂၅/၂၀၁၈ ရာဇသတ်​ကြီးပုဒ်​ ၃၂၅ မှ လူသတ်​မှုပုဒ်​မ ၃၀၂ ဖြင့်​​ ပြောင်းလည်းအမှုဖွင့်​လှစ်​ထားသည်​ဟု အဆိုပါရဲစခန်းမှ စုံစမ်းသိရှိရသည်​။

R-15