POST TYPE

NEWS

ကျောက်တော်တွင် မြို့အမျိုးသားနေ့ ကျင်းပမည်
19-Apr-2018 tagged as

စစ်တွေ၊ ဧပြီ ၁၉

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် လေကွီကျေးရွာတွင် ဧပြီ ၂၁ ရက်၌ တတိယအကြိမ်မြောက် မြို အမျိုးသားနေ့ ကျင်းပမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

မြို့အမျိုးသားနေ့ သည် ဗုဒ္ဓဘာသာဝင်လူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ကဆုန်လဆန်း ၇ ရက်ကို သတ်မှတ်ထားကြောင်း၊ မြို့လူမျိုးများသည် လူနည်းစုဖြစ်ပြီး ဝေလံခေါင်းပါးသည့် တော၊ တောင်အရပ်တွင် နေထိုင်ကြောင်း၊ လူမျိုးအချင်းချင်း စည်းလုံးညီညွတ် ချစ်ခင်ရင်းနှီးမှု ရရှိစေရန်  ကျင်းပရခြင်းဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီ ဥက္ကဌ ဦးဇနီဖြူ က ပြောသည်။

အဆိုပါ အမျိုးသားနေ့တွင်  မြိုလူမျိုးတို့၏ ရိုးရာအကများပါဝင်မည်ဖြစ်ပြီး သက်၊  ဒိုင်းနက် ခေါ်(သက္ကမ) လူမျိုး၊ ရခိုင်လူမျိုးတို့၏ ရိုးရာအကများလည်း ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

မြို့အမျိုးသားနေ့ကို ပုဏ္ဏာကျွန်းမြို့နယ် ဘာန်းဘွီးကျေးရွာ တွင် ကျင်းပခဲ့ကြောင်း၊ မြို့လူမျိုးများသည် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ် နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် နေထိုင်ကြပြီး လူဦးရေ ၃၀၀ ကျော်ခန့် ရှိကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။ 

R-22

  • TAGS